Isaiah 65:7
သင်တို့၏ ဒုစရိုက်အပြစ်ကို၎င်း၊ တောင်ပေါ်မှာ လောဗန်ကို မီးရှို့၍၊ ကုန်းပေါ်မှာ ငါ့ကိုကဲ့ရဲ့သော သင်တို့ ဘိုးဘေး၏ ဒုစရိုက်အပြစ်ကို၎င်း သင်တို့ရင်ခွင်၌ ငါဆပ်ပေးမည်။ အကယ်စင်စစ်သူတို့ပြုဘူးသော အကျင့် တို့၏ အကျိုးအပြစ်ကို သူတို့ရင်ခွင်၌ ငါခြင်၍ ပေးမည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
6ငါ့ရှေ့မှာ စာရင်းမှတ်လျက်ရှိသည်ဖြစ်၍၊ ငါသည် တိတ်ဆိတ်စွာမနေ၊ အကျိုးအပြစ်ကို ဆပ်ပေးမည်။
Cross References
Exodus 20:5ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည် ဟု ယုံလွယ်သောဘုရား၊ ငါ့ကို မုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊
Numbers 32:14ယခုမူကား၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကို သာ၍ ပြင်းစွာအမျက်တော်ထွက်စေ မည်အကြောင်း၊ သာ၍ဆိုးသောသူတည်းဟူသော သင်တို့ သည် သင်တို့အဘများကိုယ်စား ပေါ်ထကြပြီတကား။
1 Kings 22:44ယောရှဖတ်မင်းသည် ဣသရေလရှင်ဘုရင်နှင့် စစ်မတိုက် မိဿဟာယဖွဲ့လေ၏။
2 Kings 14:4သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာ ပေါင်းကို မီးရှို့ကြ၏။
2 Kings 16:4မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက် တို့၌ပူဇော်၍ နံ့သာပေါင်းကို မီးရှို့တတ်၏။
Psalms 106:6အကျွန်ုပ်တို့သည် ဘိုးဘေးတို့နှင့်အတူ ပြစ်မှား ကြပါပြီ။ ဒုစရိုက်ကို ပြုကြပါပြီ။ မတရားသောအမှုကို ပြုကြပါပြီ။