Isaiah 7:2
ရှုရိပြည်သည် ဧဖရိမ်ပြည်ကို အမှီပြုသည်ဟု ဒါဝိဒ်မင်းမျိုးကြားသောအခါ၊ တော်၌သစ်ပင်တို့သည် လေကြောင့် လှုပ်ရှားသကဲ့သို့၊ မင်းကြီး၏နှလုံးနှင့် ပြည် သားတို့၏နှလုံးသည် တုန်လှုပ်လျက်ရှိကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 14:1ထိုအခါ ပရိသတ်အပေါင်းတို့သည် အသံကို လွှင့်၍ မြည်တမ်းသဖြင့်၊ တညဉ့်လုံး ငိုကြွေးကြ၏။
2 Samuel 7:16သင်၏အမျိုးအနွယ်နှင့်၊ သင်၏နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲတည်လိမ့်မည်။ သင်၏ရာဇပလ္လင် သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော်မူ၏။
1 Kings 12:16ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင် နားမထောင်ကြောင်းကို သိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့်အဘယ်သို့ဆက်ဆံသနည်း။ ယေရှဲ၏သားနှင့် အဘယ်သို့ အမွေခံရသေးသနည်း။ အိုဣသ ရေလအမျိုး၊ သင်တို့နေရာသို့ သွားကြ။ အိုဒါဝိဒ်၊ သင်၏ အိမ်ကို ကြည့်ရှုလော့ဟု ရှင်ဘုရင်အားပြန်ပြောလျက်၊ ဣသရေလလူတို့သည် မိမိတို့နေရာသို့ပြန်သွားကြ၏။
2 Kings 7:6အကြောင်းမူကား၊ ရှုရိလူတို့သည်ရထားစီးသူရဲ၊ မြင်းစီးသူရဲ၊ များစွာသော ဗိုလ်ခြေအသံကိုကြားစေခြင်း ငှါ၊ ထာဝရဘုရားပြုတော်မူသဖြင့် သူတို့ကဣသရေလ ရှင်ဘုရင်သည် ငါတို့ကိုတိုက်စေခြင်းငှါ၊ ဟိတ္တိမင်းများ၊ အဲဂုတ္တုမင်းများတို့ကို ငှါးပြီဟု တယောက်ကိုတယောက် ဆိုလျက်၊
2 Chronicles 28:12ထိုအခါ ဧဖရိမ်အမျိုးသားအကြီးအကဲ၊ ယောဟ နန်သားအာဇရိ၊ မေရှိလေမုတ်သား ဗေရခိ၊ ရှလ္လုံသား ဟေဇကိ၊ ဟာဒလဲသား အာမသာတို့သည် စစ်တိုက်ရာမှ လာသော သူတို့ကို ဆီးတား၍၊
Psalms 27:1ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ် သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ့၏ အသက်ခိုလှုံရာဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း။