Isaiah 8:19
တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော နတ် ဝင်နှင့် စုန်းတို့၌ ဆည်းကပ်ကြလော့ဟု သင်တို့အား ဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်း ကပ်အပ်သလော။ အသက်ရှင်သော သူ၏အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ်သလော။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 19:31ကိုယ်ကိုကိုယ် ညစ်ညူးစေခြင်းငှါ၊ နတ်ဝင်သူကို မမှိဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
Deuteronomy 18:10သင်တို့တွင် မိမိသားသမီးကို မီးဖြင့်ပူဇော်သော သူ၊ ဖြစ်လတံ့သောအမှုကို ကိုယ်ဉာဏ်နှင့် ဟောပြော သောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသော အတတ်ကို ပြုစုသောသူ၊
1 Samuel 28:7ထိုအခါရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါသွား၍ မေးမြန်းမည်ဟု ကျွန်တို့အား ဆိုသည်အတိုင်း၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင်မိန်းမတယောက်ရှိပါ၏ဟု လျှောက်သော်၊
1 Samuel 28:11မိန်းမကလည်း၊ အဘယ်သူကို ငါဘော်ရမည်နည်းဟု မေးလျှင်၊ ရှောလုက၊ ရှမွေလကို ဘော်ပါဟု ဆို၏။
2 Kings 1:3ထာဝရဘုရား၏ ကောင်းကင်တမန်သည် တိရှဘိမြို့သား ဧလိယအားလည်း၊ ရှမာရိရှင်ဘုရင် စေလွှတ်သော သံတမန်တို့ကို ကြိုဆိုခြင်းငှါ ထသွားလော့။ ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့်၊ ဧကြုန် မြို့၏ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။
2 Kings 23:24ထိုမှတပါး၊ ဗိမာန်တော်၌ ယဇ်ပုရောဟိတ် ဟိလ ခိတွေ့သော ကျမ်းစာ၌ပါသော စကားအတိုင်း ကျင့်လို သောငှါ၊ ယောရှိမင်းသည် စုန်း၊ နတ်ဝင်၊ တေရပ် ရုပ်တုမှ စ၍ ရုပ်တုဆင်းတုများကို၎င်း၊ ယေရုရှလင်မြို့နှင့် ယုဒ ပြည်လုံးတွင် ရွံရှာဘွယ်သောအရာ တွေ့သမျှတို့ကို၎င်း၊ သုတ်သင် ပယ်ရှင်းတော်မူ၏။