Isaiah 8:2
ထိုအခါ သက်သေခံစေခြင်းအလိုငှါ၊ ယုံလောက် သောသက်သေ၊ ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ၏ သား ဇာခိရိတို့ကို ငါခေါ်ထား၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Ruth 4:10သေသောသူ၏နာမည်ကို သူ၏ညီအစ်ကို စုထဲက၎င်း၊ သူနေရာမြို့တံခါးထဲက၎င်းမပြတ်စေခြင်းငှါ၊ သူ၏အမွေအားဖြင့် သူ၏နာမည်ကို ထောက်မမည် အကြောင်း၊ မဟာလုန်၏ မယားမောဘအမျိုးသမီး ရုသကို ငါ၏မယားဖြစ်စေခြင်းငှါ ငါဝယ်သည်ကိုသင်တို့သည် ယနေ့သက်သေဖြစ်ကြပါ၏ဟု အသက်ကြီးသူများ၊ လူများအပေါင်းတို့အားပြောဆို၏။
2 Kings 16:11ထိုသို့ ဒမာသက်မြို့မှ အာခတ်မင်းပေးလိုက် သမျှအတိုင်း၊ ယဇ်ပုရောဟိတ်ဥရိယသည် အာခတ်မင်း မရောက်မှီ လုပ်နှင့်ပြီ။
2 Kings 16:16အာခက်မင်းကြီးမှာထားသမျှအတိုင်း ယဇ် ပုရောဟိတ်ဥရိယ ပြု၏။
2 Corinthians 13:1ဤတတိယအကြိမ်တွင် သင်တို့ဆီသို့ ငါလာမည်ဖြစ်၍၊ သက်သေခံနှစ်ဦးသုံးဦးအားဖြင့် စကားရှိသမျှ တို့သည် တည်ရလိမ့်မည်။