Isaiah 9:12
ရှေ့၌ကား ရှုရိလူ၊ နောက်၌ကား ဖိလိတ္တိလူတို့ သည် ပစပ်ဟ၍၊ ဣသရေလအမျိုးကို ကိုက်စားကြ လိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
1835 Judson Burmese Bible
In The King James Version
In Context
13ဤလူမျိုးသည် ဒဏ်ခတ်တော်မူသော သူထံသို့ မလှည့်မပြန်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို မရှာမဖွေတတ်။
Cross References
2 Kings 16:6သို့ရာတွင်၊ ရှုရိရှင်ဘုရင် ရေဇိန်သည် ဧလတ်မြို့ ကို ရှုရိနိုင်ငံ သို့သွင်းပြန်၍၊ ယုဒလူတို့ကို နှင်ထုတ်သဖြင့်၊ ရှုရိလူတို့သည်လာ၍ ယနေ့တိုင်အောင် ဧလတ်မြို့၌ နေကြ၏။
Psalms 79:7အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကို ကိုက်စား၍၊ သူ၏နေရာကိုလည်း သုတ်သင်ပယ်ရှင်းကြ ပါပြီ။
Isaiah 5:25ထိုကြောင့်၊ ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်လျက်၊ သူတို့၌လက်တော်ကိုဆန့်၍ ဒဏ်ခတ် တော်မူသဖြင့်၊ တောင်တို့သည်တုန်လှုပ်၍၊ သူတို့၏အသေ ကောင်တို့သည် လမ်းများ၌ မစင်ကဲ့သို့ဖြစ်ကြ၏။ သို့သော်လည်း အမျက်တော်သည် မငြိမ်း၊ လက်တော် သည် ဆန့်လျက်ရှိသေး၏။
Isaiah 9:21မနာရှေအမျိုးသည် ဧဖရိမ်အမျိုးကို၎င်း၊ ဧဖရိမ် အမျိုးသည် မနာရှေအမျိုးကို၎င်း ကိုက်စားကြလိမ့်မည်။ ထိုနှစ်မျိုးတို့သည် ယုဒအမျိုးကို တညီတညွတ်တည်း ရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
Isaiah 31:1စစ်ကူတောင်းအံ့သောငှါ အဲဂုတ္တုပြည်သို့သွား ၍၊မြင်းတို့ကို အမှီပြုလျက် များစွာသော ရထားတို့ကို၎င်း၊ အားကြီးသော မြင်းစီးသူရဲတို့ကို၎င်းခိုလှုံလျက်၊ ဣသရေ လ အမျိုး၏ သန့်ရှင်းသောဘုရားကို မမြော်လင့်၊ ထာဝရ ဘုရားကို မရှာဘဲနေသောသူတို့သည် အမင်္ဂလာရှိကြ၏။
Jeremiah 10:25ကိုယ်တော်ကိုမသိသော တပါးအမျိုးသားတို့ အပေါ်သို့၎င်း၊ နာမတော်ကို ပဌနာမပြုသော အမျိုး အနွယ်တို့အပေါ်သို့၎င်း အမျက်တော်ကို သွန်းလောင်း တော်မူပါ။ အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုး ကို အကုန်အစင်ကိုက်စား၍၊ သူ၏နေရာကို သုတ်သင် ပယ်ရှားကြပါပြီ။