Isaiah 9:3
ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ၍၊ သူတို့၏ ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏။ စပါးကို စုသိမ်းရာကာလ၌ ဝမ်းမြောက်သကဲ့သို့၎င်း၊ လုယူသော ဥစ္စာကို ဝေသောသူ ဝမ်းမြောက်သကဲ့သို့၎င်း၊ ရှေ့တော်၌ သူတို့သည် ဝမ်းမြောက်ကြပါ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Judges 5:3အိုရှင်ဘုရင်တို့ ကြားကြလော့။ အိုမင်းသားတို့ နားထောင်ကြလော့။ ငါသီချင်းဆိုမည်။ ထာဝရဘုရား အား သီချင်းဆိုမည်။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမည်။
Judges 8:12မိဒျန်မင်းကြီးဇေဘဟနှင့် ဇာလမုန္နပြေးသောအခါ၊ ဂိဒေါင်သည် လိုက်၍ တပ်ကို ဖျက်လေ၏။
2 Chronicles 20:25ယောရှဖတ်နှင့် သူ၏လူတို့သည်၊ ရန်သူတို့ဥစ္စာ ကိုလုယူခြင်းငှါ လာကြသောအခါ၊ အသေကောင်တို့၌ များစွာသောဥစ္စာ၊ အဘိုးထိုက်သော တန်ဆာတို့ကို တွေ့သဖြင့်၊ ထမ်း၍မသွားနိုင်အောင်ချွတ်ယူကြ၏။ လက်ရ ဥစ္စာအလွန်များသောကြောင့်၊ သုံးရတ်ပတ်လုံး လုယူထုပ်ထားလျက်နေကြ ၏။
Psalms 4:7သူတို့၌ ဆန်စပါး၊ စပျစ်ရည်ပေါများ၍၊ သူတို့ ဝမ်းမြောက်ခြင်းရှိသည်ထက် အကျွန်ုပ်ကိုသာ၍ ဝမ်း မြောက်စေတော်မူ၏။
Psalms 119:162လက်ရဥစ္စာများကို တွေ့သကဲ့သို့ ဗျာဒိတ်တော် စကားကြောင့် အကျွန်ုပ်ဝမ်းမြောက်ပါ၏။
Isaiah 10:26ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည် ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့၎င်း၊ ပင်လယ်ကိုလှံတံတော်နှင့် မိုးသကဲ့သို့၎င်း၊ ထိုမင်းအဘို့ ဘေးဥပဒ်ကို ပြင်ဆင်၍၊အဲဂုတ္ထု လက်ထက် ၌ကဲ့သို့တဖန် လှံတံတော်ကို ချီတော်မူမည်။