ရှင်ယာကုပ်ဩဝါဒစာ 1:19
သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကား ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။
1835 Judson Burmese Bible
In The King James Version
Wherefore, my beloved brethren, let every man be swift to hear, slow to speak, slow to wrath:
In Context
20လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။
Read all of ရှင်ယာကုပ်ဩဝါဒစာ 1
Cross References
Numbers 22:27မြည်းသည်လည်း ထာဝရဘုရား၏ကောင်းကင် တမန်ကို မြင်ပြန်သောအခါ၊ ဗာလမ်အောက်၌ ဝပ်လျက် နေ၏။ ဗာလမ်သည် အမျက်ထွက်၍ တောင်ဝေးနှင့် မြည်းကိုရိုက်လေ၏။
Nehemiah 8:12လူအပေါင်းတို့သည် ဟောပြောသော စကား များကို နားလည်သောကြောင့်၊ စားသောက်ခြင်း၊ သူတပါး တို့အား ဝေမျှခြင်း၊ အလွန်ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ သွားကြ၏။
Nehemiah 9:3မိမိတို့နေရာ၌ ရပ်နေ၍၊ မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပညတ္တိကျမ်းစာကို နေ့လေးစုတစု ဘတ်ကြ၏။ အပြစ်ကို ဘော်ပြတောင်းပန်၍၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားကို နေ့လေးစုတစုကို ကိုးကွယ်ကြ၏။
Job 32:16ငါဆိုင်းလင့်သည်တွင်သူတို့သည် နှုတ်မမြွက်၊ ပြန်၍မပြောဘဲ ငြိမ်ငြိမ်နေကြ၏။
Proverbs 10:19စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်းသော သူမူကား ပညာရှိ၏။
Proverbs 14:17စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတပါးမုန်းလိမ့်မည်။