James 2:4
တဘက်၌ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူ ဖြစ်ကြသည်မဟုတ် လော။
1835 Judson Burmese Bible
In The King James Version
Are ye not then partial in yourselves, and are become judges of evil thoughts?
In Context
Cross References
Job 21:27သင်တို့သည် အောက်မေ့သောအရာ၊ ငါ့ကို မနာလိုသော စိတ်နှင့်ဆင်ခြင်သောအရာတို့ကို ငါသိ၏။
Psalms 58:1အိုလူသားတို့၊ အကယ်စင်စစ် သင်တို့သည် စကားဖြောင့်ကြသလော။
Psalms 109:31အကြောင်းမူကား၊ ဆင်းရဲသောသူ၏ ဝိညာဉ်ကို အပြစ်စီရင်သော သူတို့၏လက်မှ ကယ်တင်ခြင်းငှါ၊ သူ၏လက်ျာဘက်မှာရပ်၍ နေတော်မူတတ်၏။
Matthew 7:1သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည်အကြောင်း သူတပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မပြုကြနှင့်။
James 1:1ဘုရားသခင်နှင့်အရှင်ယေရှုခရစ်၏ကျွန် ငါယာကုပ်သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တဆယ် နှစ်ပါးသောအမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။