ယေရမိအနာဂတ္တိကျမ်း 1:13
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်၍၊ သင်သည် အဘယ် အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက၊ အကျွန်ုပ် သည် ဆူပွက်သော အိုးကင်းကို မြင်ပါ၏။ မြောက် ဘက်သို့မျက်နှာပြုလျက်ရှိပါ၏ဟု လျှောက်လျှင်၊
1835 Judson Burmese Bible
In The King James Version
In Context
14ထာဝရဘုရားက၊ မြောက်မျက်နှာဘက်ကဘေးဥပဒ်သည်၊ ဤပြည်သားတို့အပေါ်သို့ ထွက်လာလိမ့်မည်။
Read all of ယေရမိအနာဂတ္တိကျမ်း 1
Cross References
Genesis 41:32ဖါရောဘုရင်သည် ထပ်၍အိပ်မက်မြင်ရသည် အရာမှာ၊ ထိုအမှုကို ဘုရားသခင် မြဲမြံခိုင်ခံ့စေ၍ အလျင် အမြန် စီရင်တော်မူလိမ့်မည်။
Jeremiah 24:3ထာဝရဘုရားကလည်း၊ ယေရမိ၊ သင်သည် အဘယ်အရာကို မြင်သနည်းဟုမေးတော်မူလျှင်၊ အကျွန်ုပ်သည် သင်္ဘောဖန်းသီးကို မြင်ပါ၏။ ကောင်း သော သင်္ဘောဖန်းသီးသည် အလွန်ကောင်းပါ၏။ ညံ့သော သင်္ဘေသဖန်းသီးသည် မစားနိုင်အောင် အလွန်ညံ့ပါသည်ဟု ပြန်လျှောက်၏။
Ezekiel 11:7ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့ထားသော သူရဲတို့သည် အမဲသား ဖြစ်၏။ ဤမြို့သည် အိုးကင်းဖြစ်၏။ သို့သော်လည်း၊ သင်တို့ကို မြို့ထဲက ငါထုတ်မည်။
Ezekiel 24:3ပုန်ကန်တတ်သော အမျိုးအားလည်း ပုံစကား တည်းဟူသော၊ အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ အိုးကင်းကို မီးဖို၌ တင်ထား၍ ရေကိုလောင်းလော့။
Zechariah 4:2သင်သည် အဘယ်အရာကို မြင်သနည်းဟု မေး လျှင်၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု၍ ရွှေအတိပြီးသော ဆီးမီးခုံကို မြင်ပါ၏။ မီးခုံတိုင်အဖျား၌ ဆီအိုးတလုံး၊ မီးခွက်ခုနစ်လုံး၊ ဆီအိုးနှင့် မီးခွက်ခုနစ်လုံး ဆက်သော ပြွန်တံခုနစ်တံရှိပါ၏။