ယေရမိအနာဂတ္တိကျမ်း 12:13
သူတို့သည် ဂျုံစပါးမျိုးစေ့ကို ကြဲ၍ ဆူးပင်ကိုသာ ရိတ်ရကြ၏။ ပင်ပန်းစွာ ကြိုးစားသော်လည်း ကျေးဇူး မရှိကြ။ ထာဝရဘုရား၏ အမျက်တော်အရှိန်ကြောင့်၊ မိမိတို့ ခံရသောအကျိုးကို ထောက်၍ ရှက်ကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 12
Cross References
Deuteronomy 28:38သင်သည် များစွာသော မျိုးစေ့ကို လယ်သို့ယူ သွား၍ ကျိုင်းကောင်တို့သည် ကိုက်စားသောကြောင့်၊ နည်းသောစပါးကို သိမ်းရလိမ့်မည်။
Isaiah 30:1ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပုန်ကန် သော အမျိုးသားတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ငါ့ကို အမှီမပြုဘဲ အချင်းချင်းတိုင်ပင်ကြ၏။ ငါ့ဝိညာဉ် အခွင့်မရှိဘဲ မိဿဟာယဖွဲ့၍ အထပ်ထပ်အပြစ်ရောက် ကြ၏။
Isaiah 55:2အစာမဟုတ်သောအရာအဘို့ သင်တို့ငွေကို၎င်း၊ အမွတ်မပြေနိုင်သောအရာအဘို့ သင်တို့ဥစ္စာကို၎င်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့ နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။
Jeremiah 3:25အကျွန်ုပ်တို့သည် ရှက်ကြောက်လျက် အိပ်ရ ကြ၏။ အသရေပျက်ခြင်း၌ နစ်မွန်းကြ၏။ အကြောင်း မူကား၊ အကျွန်ုပ်တို့သည် ငယ်သော အရွယ်မှစ၍ ယခု တိုင်အောင် ဘိုးဘေးနှင့်တကွ အကျွန်ုပ်တို့၏ ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားပါ ပြီဟု ဆိုကြ၏။
Jeremiah 25:37ထာဝရဘုရား သည်ပြင်းစွာအမျက်ထွက်တော်မူသော အားဖြင့် ငြိမ်ဝပ်စွာ နေရာ အရပ်တို့ သည်လည်း ပယ်ရှင်းဖျက်ဆီးခြင်းကို ခံရကြ၏။
Micah 6:15မျိုးစေ့ကို ကြဲသော်လည်း၊ စပါးကို မရိတ်ရ။ သံလွင်သီးကို နယ်သော်လည်း၊ ဆီနှင့်ကိုယ်ကိုမလိမ်းရ။ စပျစ်သီးကို နယ်သော်လည်း၊ စပျစ်ရည်ကို မသောက်ရ။