ယေရမိအနာဂတ္တိကျမ်း 13:19
တောင်ဘက် မြို့တို့ကို ပိတ်ထား၍ အဘယ် သူမျှ မဖွင့်ရ။ ယုဒပြည်သူပြည်သားအပေါင်းတို့ကို သိမ်းသွားကြပြီ။ အကုန်အစင် သိမ်းသွားကြပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 13
Cross References
Leviticus 26:31သင်တို့မြို့များကို ငါဖျက်ဆီး၍၊ သန့်ရှင်းရာဌာနတော်ကို သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်တို့ နံ့သာ ပေါင်း အမွှေးအကြိုင်ကို ငါမနမ်း။
Deuteronomy 28:52သင့်နေရာပြည်အရပ်ရပ်တို့၌ သင်ကိုးစားသော မြို့ရိုး၊ မြင့်၍ ခိုင်ခံ့သော မြို့ရိုးတို့သည် မပြိုမကျမှီ တိုင် အောင်၊ သင့်နေရာမြို့ ရှိသမျှတို့ကို ဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်အရပ်ရပ်တို့၌၊ မြို့ရှိသမျှတို့ကိုလည်း ဝိုင်းထားလိမ့် မည်။
Joshua 18:5သူတို့သည် ပြည်ကို ခုနှစ်ပိုင်းပိုင်းခြားရကြမည်။ ယုဒအမျိုးသည် တောင်ဘက်မိမိနေရာ၌ နေရမည်။ ယောသပ်အမျိုးသည် မြောက်ဘက်မိမိနေရာ၌ နေရမည်။
1 Chronicles 9:1အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သားစဉ်မြေးဆက်စာရင်း ဝင်၍၊ ကိုယ်အပြစ်ကြောင့် ဗာဗုလုန်မြို့ သို့သိမ်းသွားခြင်း ကို ခံရနှင့်သာ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် မှတ်စာ၌ ပါသတည်း။
Jeremiah 17:26မီးရှို့ရာယဇ်မှစ၍ အခြားသော ယဇ်များ၊ ပူဇော်သက္ကာများ၊ မီးရှို့ ရာနံ့သာပေါင်း၊ ချီးမွမ်းရာ ယဇ်တို့ကို ထာဝရဘုရား၏ အိမ်တော်သို့ ဆောင်ခဲ့သော သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်မြို့ပတ်ဝန်းကျင် အရပ်များ၊ ဗင်္ယာမိန်ပြည်၊ မြေညီခရိုင်၊ တောင်ရိုးခရိုင်၊ တောင်မျက်နှာ ခရိုင်မှလာကြလိမ့်မည်။
Jeremiah 24:1ထာဝရဘုရား ပြတော်မူသော ရူပါရုံဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင် ယောယကိမ်သားယေခါနိမင်းအစရှိသော ယုဒမှူးမတ် များ၊ လက်သမား၊ ပန်းပဲသမားများတို့ကို ယေရုရှလင်မြို့ မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောနောက်၊ ထာဝရဘုရား ၏ ဗိမာန်တော်ရှေ့၌ထားသော သင်္ဘော သဖန်းသီး တောင်းနှစ်လုံးသည် ထင်ရှားလေ၏။