ယေရမိအနာဂတ္တိကျမ်း 17:3
အချင်းငါ၏တောင်၊ လယ်၌ရှိသော သင်၏ဥစ္စာ နှင့်သိုထားသမျှသော ဥစ္စာကို၎င်း၊ ပြည်တရှောက်လုံး၌ သင်ပြစ်မှားရာ၊ မြင့်သောအရပ်တို့ကို၎င်း၊ လုယူသော သူတို့လက်သို့ ငါအပ်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 17
Cross References
2 Kings 24:13ထာဝရဘုရား မိန့်တော်မူဘူးသည်အတိုင်း ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်း သွား၍၊ ဗိမာန်တော်အဘို့ ဣသရေလ ရှင်ဘုရင်လုပ် သော ရွှေတန်ဆာအလုံးစုံတို့ကို အပိုင်းပိုင်းဖြတ်လေ၏။
Isaiah 2:2နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။
Isaiah 39:4နန်းတော်၌ အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစုံတခု မျှ မရှိဟုပြန်ပြော၏။
Jeremiah 15:13သင်၏ပြည်တရှောက်လုံး၌ သင်ပြုသော အပြစ် များကြောင့်၊ သင်၏ဥစ္စာဘဏ္ဍာကို အဘိုးမခံဘဲ လုယူ သော သူတို့လက်သို့ ငါပေးမည်။
Jeremiah 26:18ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၊ မေရရှရွာ သားမိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန် တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ် လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော၏။
Lamentations 1:10ရန်သူသည် ကိုယ်ကိုချီးမြှောက်ပါပြီ။ ပရိသတ် တော်ထဲသို့ မဝင်ရဟုမြစ်တားတော်မူသော် သာသနာ ပလူတို့သည် သူ၏သန့်ရှင်းရာဌာနတောင်ထဲသို့ ဝင်ကြောင်းကို သူမြင်ရပါ၏။