ယေရမိအနာဂတ္တိကျမ်း 18:21
ထိုကြောင့်၊ သူတို့ကို ထားဘေးသို့၎င်း၊ သူတို့သားသမီး များကို မွတ်သိပ်ခြင်းသို့၎င်း အပ်တော်မူပါ။ သူတို့မိန်းမ တို့သည် သားများဆုံး၍ မုတ်ဆိုးမဖြစ်ကြပါစေသော။ လူကြီးတို့သည် အသေသတ်ခြင်းကို ခံရ၍၊ လူပျိုတို့ လည်း စစ်တိုက်ပွဲ၌ထားဖြင့် ဆုံးကြပါစေသော။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 18
Cross References
Deuteronomy 32:25အိမ်ပြင်၌ ထားဘေး၊ အိမ်အတွင်း၌ ကြောက် မက်ဘွယ်သောဘေးသည် လူပျိုနှင့်အပျိုကို၎င်း၊ နို့စို့သူ ငယ်နှင့် ဦးဆံဖြူသောသူကို၎င်း ဖျက်ဆီးလိမ့်မည်။
Psalms 63:11ရှင်ဘုရင်မူကား၊ ဘုရားသခင်၌ ဝမ်းမြောက်လိမ့်မည်။ ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုသောသူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်။ မုသာစကားကို ပြောသောသူတို့၏နှုတ်မူကား ပိတ်လျက်ရှိလိမ့်မည်။
Isaiah 9:16ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲ စေခြင်းငှါ ပြကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
Jeremiah 11:20နှလုံးကျောက်ကပ်ကို စစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၊ ကိုယ်တော်သည် ထိုသူတို့အား အပြစ်ပေးတော် မူကြောင်းကို အကျွန်ုပ်မြင်လိုပါ၏။ အကျွန်ုပ်အမှုကို ကိုယ်တော်အား ကြားလျှောက်ပါပြီ။
Jeremiah 12:3အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိမြင်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်နှင့်သဘော တူကြောင်းကို စစ်ကြောတော်မူပြီ။ သိုးတို့ကို ထုတ်သကဲ့သို့၊ ထိုမတရားသော သူတို့ကို အသေသတ်ခြင်းငှါ ဆွဲထုတ် တော်မူပါ။ သတ်ရသောနေ့အဘို့ ပြင်ဆင်တော်မူပါ။
Jeremiah 15:8သူတို့မုတ်ဆိုးမတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှမက၊ ငါ့ရှေ့မှာ များပြားကြလိမ့်မည်။ မွန်းတည့် အချိန်၌ အမိကို တိုက်ဖျက်သော လုလင်ကို ငါခေါ်ခဲ့၍၊ ကြောက်မက်ဘွယ်သော လုပ်ကြံခြင်းကို ချက်ခြင်း ဖြစ်စေမည်။