bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 23 › ယေရမိအနာဂတ္တိကျမ်း 23:15
ယေရမိအနာဂတ္တိကျမ်း 23:15
ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် ပရောဖက်တို့အမှု၌ မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးကိုလည်း သောက်စေမည်။ ယေရုရှလင်မြို့သား ပရောဖက်တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မအမှုသည် တပြည်လုံးကို နှံ့ပြား လေပြီ။
1835 Judson Burmese Bible
In The King James Version
Therefore thus saith the LORD of hosts concerning the prophets; Behold, I will feed them with wormwood, and make them drink the water of gall: for from the prophets of Jerusalem is profaneness gone forth into all the land.
In Context
14ယေရုရှလင်မြို့သား ပရောဖက်တို့၌လည်း၊ စက်ဆုပ်ရွံရှာဘွယ်သောသဘောကို ငါမြင်ပြီ။ သူတို့သည် မတရားသော မေထုန်၌မှီဝဲလျက်၊ မုသာကိုလည်း သုံးလျက်၊ အဓမ္မပြုသောသူတို့ကို အားပေးတတ်သဖြင့်၊ အဘယ်သူမျှမိမိပြုသော အဓမ္မအမှုကို မစွန့်။ ထိုသူ ရှိသမျှတို့သည် ငါ၌ သောဒုံမြို့သားကဲ့သို့၎င်း၊ ယေရု ရှလင်မြို့သားတို့သည် ဂေါမောရမြို့သားကဲ့သို့၎င်း ဖြစ်ကြ၏။
16ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍ သင်တို့အား ဟောတတ်သော ဆရာတို့၏ စကားကို နားမထောင် ကြနှင့်။ သူတို့သည် သင်တို့အား အချည်းနှီးဟောတတ် ကြ၏။ ထာဝရဘုရား၏ နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက် ရူပါရုံကို မြင်သည်အတိုင်း ဟောပြောတတ်ကြ၏။
Read all of ယေရမိအနာဂတ္တိကျမ်း 23
Cross References
Psalms 69:21အကျွန်ုပ်စားစရာဘို့ ဆေးခါးကို ကျွေးကြပါ၏။ ရေငတ်သောအခါ ပုံးရည်ကို တိုက်ကြပါ၏။
Jeremiah 9:14မိမိတို့ စိတ်နှလုံး ခိုင်မာခြင်းသို့၎င်း၊ မိရိုးဘလာ အတိုင်း ဗာလဘုရားတို့နောက်သို့၎င်း လိုက်ကြသော ကြောင့်၊
Lamentations 3:5ငါ့တဘက်၌ တပ်တည်၍ခါးသောအရာ၊ ပင်ပန်းစရာအကြောင်းတို့နှင့် ပိုင်းတော်မူ၏။
Lamentations 3:19အကျွန်ုပ်ခံရသော ဆင်းရဲငြိုငြင်ခြင်းကို၎င်း၊ ဒေါနနှင့် သည်းခြေအရည်ကို၎င်း အောက်မေ့တော်မူပါ။
Revelation 8:11ထိုကြယ်သည် ဒေါနရွက်ဟူသောအမည်ရှိ၏။ ရေသုံးစုတစုသည် ဒေါနရွက်ဖြစ်၍ရေခါးသောကြောင့်၊ လူအများတို့သည် သေကြ၏။
This Verse In Other Editions
Study ယေရမိအနာဂတ္တိကျမ်း 23:15