The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 23 › ယေရမိအနာဂတ္တိကျမ်း 23:8

ယေရမိအနာဂတ္တိကျမ်း 23:8

ဣသရေလအမျိုးသား အစဉ်အဆက်တို့ကို မြောက်ပြည်မှစ၍၊ နှင့်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ ပို့ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည် ဟူ၍ ကျိန်ဆိုရသော ကာလသည် နောက်တဖန် ရောက် လိမ့်မည်။ သူတို့သည် နေရင်းပြည်၌ တဖန် နေရကြ လိမ့်မည်။

1835 Judson Burmese Bible

In The King James Version

But, The LORD liveth, which brought up and which led the seed of the house of Israel out of the north country, and from all countries whither I had driven them; and they shall dwell in their own land.

In Context

7သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော ထာဝရဘုရားအသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊

9ပရောဖက်များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရားကြောင့်၎င်း၊ သန့်ရှင်းသော စကားတော် ကြောင့်၎င်း ငါ့စိတ်ပျက်လျက်ရှိ၏။ ငါ့အရိုးရှိသမျှတို့သည် လှုပ်ရှားကြ၏။ ယစ်မူးသောသူနှင့် စပျစ်ရည်နိုင်သော သူကဲ့သို့ ငါဖြစ်၏။

Read all of ယေရမိအနာဂတ္တိကျမ်း 23

Cross References

Isaiah 11:11ထိုကာလ၌ ထာဝရဘုရားသည် လက်တော်ကို ဆန့်၍၊ ကျန်ကြွင်းသော ကိုယ်တော်၏ လူတို့ကိုအာရှုရိ ပြည်၊ အဲဂုတ္တုပြည်၊ ပါသရုပြည်၊ ကုရှပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ဟာမတ်ပြည်၊ ပင်လယ်တဘက်၌ရှိသော ပြည် များတို့မှ ကယ်ယူခြင်းငှါ တဖန်ပြုတော်မူလိမ့်မည်။

Isaiah 27:12အိုဣသရေလ အမျိုးသားတို့၊ ထိုကာလ၌လည်း၊ ထာဝရဘုရားသည် မြစ်ကြီးမှစ၍၊ အဲဂုတ္တုမြစ်တိုင်အောင် သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင်တို့သည် တ ယောက်နောက် တယောက်၊ ကောက်သိမ်းခြင်း ကျေးဇူး တော်ကို ခံရကြလိမ့်မည်။

Isaiah 43:6အပ်လော့ဟု မြောက်မျက်နှာကို၎င်း၊ မထိမ်နှင့် ဟု တောင်မျက်နှာကို၎င်း ငါပြောမည်။ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော၊

Jeremiah 16:14သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊

Ezekiel 34:13အတိုင်းတိုင်းအပြည်ပြည်တို့က ခေါ်ခဲ့၍ စုဝေး စေပြီးလျှင်၊ သူတို့ နေရင်းပြည်သို့ ပို့ဆောင်မည်။ ဣသ ရေလတောင်တို့အပေါ်၊ မြစ်တို့အနား အစရှိသော နေစရာ အရပ်ရပ်တို့၌ ကျွေးမွေးမည်။

Ezekiel 36:35ထိုအခါ သူတပါးတို့က၊ အရင်စွန့်ပစ်သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်လေပြီ။ သုတ်သင် ပယ်ရှင်းပျက်စီးသော မြို့တို့သည်လည်း ခိုင်ခံ့၍ မြို့သား တို့နှင့် ပြည့်စုံကြပြီဟု ပြောကြလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 23:8

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 23:7ယေရမိအနာဂတ္တိကျမ်း 23ယေရမိအနာဂတ္တိကျမ်း 23:9 →