The Bible Software
ယေရမိအနာဂတ္တိကျမ်း · 1835 Judson Burmese Bible

ယေရမိအနာဂတ္တိကျမ်း 26

1ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်နန်း ထိုင်စ က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာ ၍၊

2ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗိမာန် တော်၌ ကိုးကွယ်အံ့သောငှါ ရောက်လာသော ယုဒမြို့သူ ရွာသားအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ၊ ငါသည်သင်၌ မှားထားသမျှသော စကားတို့ကို ဗိမာန်တော် တန်တိုင်း ထဲမှာရပ်လျက်၊ သူတို့အားပြန်ပြောလော့။ တခွန်းကိုမျှ မထိမ်မဝှက်နှင့်။

3သူတို့သည် နားထောင်၍၊ အသီးအသီးမိမိတို့ အဓမ္မလမ်းမှ လွှဲရှောင်ကောင်း လွှဲရှောင်ကြလိမ့်မည်။ ငါသည်လည်း သူတို့ပြုသော ဒုစရိုက်ကြောင့် အပြစ်ပေး မည်ဟု ကြံစည်ခြင်းကို နောင်တရမည်။

4သို့ဖြစ်၍၊ သင်သည် ဆင့်ဆိုရမည်မှာ၊ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်၊ သင်တို့၌ ငါထားသော ပညတ်တရားလမ်း သို့ မလိုက်၊

5ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ် ထပ်စေလွှတ်သော ငါ၏ကျွန် ပရောဖက်တို့၏ စကားကို နားမထောင်ဘဲနေသကဲ့သို့၊ ယခုလည်း နားမထောင်ဘဲ နေလျှင်၊

6ဤအိမ်ကို ရှိလောရွာကဲ့သို့ ငါဖြစ်စေမည်။ ဤမြို့ကိုလည်း၊ မြေပေါ်မှာ လူအမျိုးမျိုး ကျိန်ဆဲသော မြို့ဖြစ်စေမည်ဟု မိန့်တော်မူ၏။

7ထိုစကားကို ဗိမာန်တော်၌ ယေရမိ ဟောပြော သည်ကို ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ လူများ အပေါင်းတို့သည် ကြားကြ၏။

8လူများအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ၊ ထာဝရဘုရား မှာထားတော်မူသမျှသော စကားတော်ကို အကုန်အစင် ဟောပြောပြီးမှ၊ ယဇ်ပုရောဟိတ်၊ ပရော ဖက်၊ လူများအပေါင်းတို့သည် ယေရမိကို ဘမ်းဆီး၍၊ သင်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။

9ဤအိမ်တော်သည် ရှိလောရွာကဲ့သို့ ဖြစ်လိမ့် မည်။ ဤမြို့သည် လူမရှိ၊ ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည် ဟု သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ အဘယ်ကြောင့် ဟောသနည်းဟုပြောဆိုလျက်၊ လူများ အပေါင်းတို့သည် ဗိမာန်တော်တွင် ယေရမိတဘက်၌ စုဝေးကြ၏။

10ယုဒမှူးမတ်တို့သည် ထိုအမှုကို ကြားသိသော အခါ၊ နန်းတော်မှ ဗိမာန်တော်သို့လာ၍၊ ဗိမာန်တော် တံခါးသစ်အတွင်း၌ ထိုင်ကြ၏။

11ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က၊ ဤသူ သည် အသေခံထိုက်ပေ၏။ သင်တို့သည် ကိုယ်နားနှင့် ကြားသည်အတိုင်း၊ ဤမြို့ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောပါပြီတကားဟု မှူးမတ်အစရှိသော လူများ အပေါင်းတို့အား ပြောဆိုကြ၏။

12ယေရမိကလည်း၊ သင်တို့ကြားသမျှအတိုင်း၊ ဤအိမ်တော်နှင့် ဤမြို့တော်ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောစေခြင်းငှါ၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မူပြီ။

13ယခုမှာသင်တို့၏ ကျင့်ကြံပြုမူခြင်းတို့ကို ပြောင်း လဲကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ထာဝရ ဘုရားသည် သင်တို့၌ ဘေးဥပဒ်ရောက်စေမည်ဟု ခြိမ်းတော်မူသော်လည်း၊ တဖန် နောင်တရတော်မူလိမ့် မည်။

14ငါမူကား၊ သင်တို့လက်၌ရှိပါ၏။ သင်တို့စိတ်၌ ဖြောင့်မတ်လျောက်ပတ်သည်ဟု ထင်သည်အတိုင်း၊ ငါ့ကို ပြုကြလော့။

15သို့ရာတွင်၊ ငါ့ကို သတ်လျှင်အပြစ်မရှိသော အသွေးကို သင်တို့သည် ကိုယ်အပေါ်သို့၎င်း၊ ဤမြို့နှင့် မြို့သားတို့အပေါ်သို့၎င်း၊ စင်စစ်ရောက်စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ်ကြလော့။ ဤစကား အလုံးစုံတို့ကို သင်တို့အား ကြားပြောမည်အကြောင်း၊ ထာဝရဘုရား သည် ငါ့ကို စင်စစ်စေလွှတ်တော်မူပြီဟု မှူးမတ်အစ ရှိသော လူများအပေါင်းတို့အား ပြောဆိုလေ၏။

16ထိုအခါမှူးမတ်အစရှိသော လူများအပေါင်းတို့ က၊ ဤသူသည် အသေခံထိုက်သည်မဟုတ်။ ငါတို့ဘုရား သခင် ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ ငါတို့ အား ဟောပြောလေပြီဟု ယဇ်ပုရောဟိတ်နှင့် ပရောဖက် တို့အား ပြောဆိုကြ၏။

17ပြည်သားအသက်ကြီးသူ အချို့ကလည်း၊

18ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၊ မေရရှရွာ သားမိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန် တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ် လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော၏။

19ထိုအခါ ယုဒပြည်သားအပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင် ဟေဇကိသည် ထိုပရောဖက်ကို သတ် သလော။ ထိုမင်းသည် ထာဝရဘုရားကို ကြောက်ရွံသည် မဟုတ်လော။ ရှေ့တော်၌ တောင်းပန်သည် မဟုတ်လော။ ထာဝရဘုရားသည် သူတို့၌ ဘေးဥပဒ်ကို ရောက်စေမည် ဟု ခြိမ်းတော်မူသော်လည်း၊ တဖန်နောင်တရတော်မူ သည် မဟုတ်လော။ ငါတို့မူကား၊ ကိုယ်အကျိုးကို ဖျက်ဆီး ခြင်းငှါ ပြုကြသည်တကားဟု စည်းဝေးသောသူ အပေါင်း တို့အား ပြောဆိုကြ၏။

20ကိရယတ်ယာရိမ်မြို့နေ၊ ရှေမာယ၏သား ဥရိယသည်လည်း၊ ထာဝရဘုရား၏ နာမတော်ကို အမှီ ပြု၍၊ ထိုမြို့နှင့် ထိုပြည်တဘက်၌ ပရောဖက်ပြု၍၊ ယေရမိ ဟောပြောသောစကားနှင့် တညီတည်းဟောပြော၏။

21ယောယကိမ် မင်းကြီးနှင့် မင်းများ၊ မှူးမတ်များ အပေါင်းတို့သည် ထိုပရောဖက်၏ စကားကို ကြားသော အခါ၊ သူ့ကို သတ်အံ့သောငှါ မင်းကြီးသည် ရှာကြံ၏။ ထိုသိတင်းကိုကြားလျှင်၊ ဥရိယသည်ကြောက်၍၊ အဲဂုတ္တု ပြည်သို့ ပြေးသွားလေ၏။

22ယောယကိမ်မင်းကြီးသည် အာခဗော်သား ဧလနာသန်နှင့်တကွ လူအချို့တို့ကို အဲဂုတ္တုပြည်သို့ စေလွှတ်၍၊

23ထိုသူတို့သည် ဥရိယကို အဲဂုတ္တုပြည်မှ ယောယ ကိမ်မင်းထံသို့ ပို့ဆောင်သဖြင့်၊ မင်းကြီးသည် ဥရိယကို ထားနှင့် သတ်၍၊ အသေကောင်ကို ဆင်းရဲသားတို့၏ သင်္ချိုင်း၌ ပစ်ထားလေ၏။

24သို့သော်လည်း၊ ရှာဖန်သားအဟိကံသည် ယေရမိကို မစသောကြောင့်၊ အသေခံစေခြင်းငှါ လူများ တို့ လက်သို့မအပ်ရ။

← ယေရမိအနာဂတ္တိကျမ်း 25Read In The App, Free →ယေရမိအနာဂတ္တိကျမ်း 27 →

Study ယေရမိအနာဂတ္တိကျမ်း 26

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940414243444546474849505152