ယေရမိအနာဂတ္တိကျမ်း 36:6
သင်သွားလော့။ ငါပြန်ပြောသည်အတိုင်း၊ သင်သည် စာလိပ်၌ ရေးထားသော ထာဝရဘုရား၏ စကားတော်တို့ကို၊ အစာရှောင်သောနေ့တွင်၊ ဗိမာန် တော်၌ရှိသော သူတို့အားဘတ်လော့။ အမြို့မြို့အရွာရွာ ကလာသော ယုဒလူတို့အားလည်း ဘတ်လော့။
1835 Judson Burmese Bible
In The King James Version
In Context
5ယေရမိကလည်း၊ ငါသည် အချုပ်ခံလျက် နေရ သောကြောင့်၊ ဗိမာန်တော်သို့ မသွားနိုင်။
Read all of ယေရမိအနာဂတ္တိကျမ်း 36
Cross References
Leviticus 23:27သတ္တမလ၊ ဒသမနေ့သည်လည်း အပြစ်ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံစွာ ကျင့်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။
Jeremiah 18:11ယခုမှာ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့အဘို့ ဘေးဒဏ်ကို ငါပြင်ဆင်၏။ သင်တို့ကို ဆန့်ကျင်ဘက်ပြု၍ ငါကြံစည်၏။ သို့ဖြစ်၍၊ ဆိုးသော လမ်းမှ အသီးအသီး ပြန်လာကြလော့။ သင်တို့လိုက်သော လမ်းနှင့် သင်တို့ကျင့်သော အကျင့်ကို ဖြောင့်စေကြလော့ ဟု၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား ဆင့်ဆို လော့။
Jeremiah 22:2ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ယုဒရှင်ဘုရင်၊ သင့်ကိုယ်တိုင်မှစ၍ သင်၏ကျွန်များနှင့်၊ ဤမြို့တံခါးတို့ဖြင့် ဝင်သော သင်၏လူများတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
Jeremiah 36:8ထိုသို့ပရောဖက်ယေရမိ မှာထားသမျှအတိုင်း၊ နေရိသားဗာရုတ်သည်ပြု၍၊ ထာဝရဘုရား၏ စကား တော်ပါသော စာကိုဗိမာန်တော်၌ ဘတ်လေ၏။
Acts 27:9ကာလကြာသည်ရှိသော်၊ ကြီးစွာသောဥပုသ်နေ့လွန်၍ ပင်လယ်မကူးသင့်သောလဥတုအချိန်ဖြစ်သည် ကို ပေါလုသည် ထောက်၍၊