ယေရမိအနာဂတ္တိကျမ်း 39:12
ယေရမိကိုယူ၍ ကောင်းမွန်စွာ ကြည့်ရှုလော့။ မညှဉ်းဆဲနှင့်။ သူပြောသည်အတိုင်း သူ့ကိုပြုလော့ဟု မှာထားတော်မူသည်နှင့်အညီ၊
1835 Judson Burmese Bible
In The King James Version
Take him, and look well to him, and do him no harm; but do unto him even as he shall say unto thee.
In Context
11ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရမိ အမှု၌၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်ကို မှာထားနှင့် သည်ကား၊
Read all of ယေရမိအနာဂတ္တိကျမ်း 39
Cross References
Psalms 105:15ငါ့ထံ၌ ဘိသိတ်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။
Proverbs 21:1ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။
Jeremiah 15:11ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ် စင်စစ်သင့်ကို ငါချမ်းသာပေးမည်။ အမှုရောက်သော ကာလ၊ ညှဉ်းဆဲခြင်းကို ခံရသော ကာလ၌၊ ရန်သူသည် သင့်ထံမှာ တောင်ပန်းမည်အကြောင်း၊ အကယ်စင်စစ် ငါစီရင်မည်။
Jeremiah 40:4ယခုမှာ သင့်လက်၌ ချည်နှောင်လျက်ရှိသော သံကြိုးကို ငါချွတ်မည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်လာခြင်းငှါ အလိုရှိလျှင် လိုက်လာပါ။ ငါသည် ကောင်းမွန်စွာ ကြည့်ရှုမည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်ခြင်းငှါ အလိုမရှိလျှင် မလိုက်နှင့်။ တပြည်လုံးသည် သင့်ရှေ့မှာရှိ၏။ အကြင်အရပ်သို့သွားကောင်းသည်ဟု စိတ်ထင်လျှင်၊ ထိုအရပ်တည်းဟူသော စိတ်ရောက်ရာ အရပ်သို့ သွားပါလော့ဟုဆို၏။
Acts 7:10အလုံးစုံသော ဒုက္ခဆင်းရဲထဲမှ ကယ်နှုတ်၍၊ အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင်ထံ၌ မျက်နှာ ပွင့်လန်းခြင်းနှင့် ပညာအတတ် ကိုပေးတော်မူသဖြင့်၊ ထိုမင်းကြီးသည် အဲဂုတ္တုနိုင်ငံအုပ်အရာ၊ နန်းတော် အုပ်အရာ၌ ယောသပ်ကိုခန့်ထားလေ၏။