ယေရမိအနာဂတ္တိကျမ်း 4:16
အပြည်ပြည်တို့၌ သိတင်းကြားကြလော့။ ယေရု ရှလင်မြို့ကို ရည်မှတ်၍ ကြွေးကြော်ကြလော့။ ကင်းစောင့် တို့သည် ဝေးသောပြည်က လာ၍၊ ယုဒမြို့များ တဘက်၌ ထူးကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
15ဒန်ပြည်၌ အသံကို ကြားရ၏။ ဧဖရိမ်တောင် ပေါ်မှာ ဒုက္ခသိတင်းကို ဟစ်ကြော်ကြ၏။
Read all of ယေရမိအနာဂတ္တိကျမ်း 4
Cross References
Isaiah 34:1အိုလူမျိုးတို့၊ သင်တို့သည် ကြားရ အံ့သောငှါ ချဉ်းကပ်ကြလော့။ အို လူစုတို့၊ နားထောင်ကြလော့။ မြေကြီးနှင့် မြေကြီး၌ ပါသမျှသော အရာ၊ လောကဓာတ် နှင့် လောကဓာတ် တန်ဆာခပ်သိမ်းတို့သည် ကြားကြပါ စေ။
Jeremiah 2:15ခြင်္သေ့တို့သည် သူ့ကိုဟောက်၍ အသံမြည်ကြ ပြီ။ သူ၏ပြည်ကို ဖျက်ဆီးကြပြီ။ သူ၏မြို့တို့သည် မီးလောင်သောကြောင့်၊ အဘယ်သူမျှ မနေရ။
Jeremiah 5:6ထိုကြောင့်၊ တောမှလာသော ခြင်္သေ့သည် သူတို့ ကို သတ်လိမ့်မည်။ ညဦးယံ၌ လည်တတ်သော တောခွေး သည် သူတို့ကို ကိုက်စားလိမ့်မည်။ ကျားသစ်သည် သူတို့မြို့ကို စောင့်၍၊ မြို့ပြင်သို့ထွက် သွားသောသူ အပေါင်းတို့ကို အပိုင်းပိုင်းဖြတ်လိမ့်မည်။ အကြောင်းမူ ကား၊ သူတို့ပြစ်မှားသော အပြစ်များ၍၊ အကြိမ်ကြိမ် အထပ်ထပ် ဖောက်ပြန်ကြပြီ။
Jeremiah 6:18သို့ဖြစ်၍၊ အိုတပါးအမျိုးသားတို့၊ နားထောင်ကြ လော့။ တပါးအမျိုးသားတို့တွင် ရှိနေသော ပရိသတ်တို့၊ သိမှတ်ကြလော့။
Jeremiah 6:22ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုး တမျိုးသည် မြောက်မျက်နှာမှ ပေါ်လာလိမ့်မည်။ ကြီးစွာ သော လူမျိုးကိုမြေကြီးစွန်းမှ ငါနှိုးဆော်မည်။
Jeremiah 16:6ပြည်သူပြည်သား အကြီးအငယ်တို့သည် သေရ ကြလိမ့်မည်။ သို့သော်လည်း၊ မသင်္ဂြိုဟ်ရ။ သူတို့အတွက် မြည်တမ်းခြင်းကိုမပြုရ။ ကိုယ်ကို ကိုယ်ရှနခြင်း၊ ဆံပင် ရိတ်ခြင်းကိုလည်း မပြုရ။