The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 40 › ယေရမိအနာဂတ္တိကျမ်း 40:3

ယေရမိအနာဂတ္တိကျမ်း 40:3

ခြိမ်းတော်မူသည်အတိုင်းလည်း၊ အမှုကို ရောက် စေ၍ စီရင်တော်မူပြီ။ သင်တို့သည် အမိန့်တော်ကို နားမထောင်၊ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ဤအမှုသည် သင်တို့အပေါ်သို့ ရောက်လေပြီ။

1835 Judson Burmese Bible

In The King James Version

Now the LORD hath brought it, and done according as he hath said: because ye have sinned against the LORD, and have not obeyed his voice, therefore this thing is come upon you.

In Context

2ကိုယ်ရံတော်မှူးသည် သူ့ကိုခေါ်၍၊ သင်၏ ဘုရားသခင်ထာဝရ ဘုရားသည် ဤပြည်၌ ရောက်သော အမှုကို ခြိမ်းတော်မူနှင့်ပြီ။

4ယခုမှာ သင့်လက်၌ ချည်နှောင်လျက်ရှိသော သံကြိုးကို ငါချွတ်မည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်လာခြင်းငှါ အလိုရှိလျှင် လိုက်လာပါ။ ငါသည် ကောင်းမွန်စွာ ကြည့်ရှုမည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်ခြင်းငှါ အလိုမရှိလျှင် မလိုက်နှင့်။ တပြည်လုံးသည် သင့်ရှေ့မှာရှိ၏။ အကြင်အရပ်သို့သွားကောင်းသည်ဟု စိတ်ထင်လျှင်၊ ထိုအရပ်တည်းဟူသော စိတ်ရောက်ရာ အရပ်သို့ သွားပါလော့ဟုဆို၏။

Read all of ယေရမိအနာဂတ္တိကျမ်း 40

Cross References

Deuteronomy 29:25သူတပါးတို့က၊ ထိုသူတို့၏ ဘိုးဘေးတို့ ကိုးကွယ် သော ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သောအခါ၊ သူတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကို သူတို့သည် စွန့်ကြသောကြောင့်၎င်း၊

Nehemiah 9:33ကိုယ်တော်မူကား အကျွန်ုပ်တို့အပေါ်သို့ရောက် စေသမျှသော အမှု၌တရားတော်မူ၏။ အကျွန်ုပ်တို့သည် မတရားသဖြင့် ပြုကြပါပြီ။ ကိုယ်တော်သည် တရား သဖြင့်သာ စီရင်တော်မူပြီ။

Jeremiah 22:8လူအမျိုးမျိုးတို့သည် ဤမြို့အနားမှာ ရှောက် သွားလျက်၊ ထာဝရဘုရားသည် ဤမြို့ကြီးကို အဘယ် ကြောင့် ဤသို့ပြုတော်မူသနည်းဟု၊ တယောက်ကို တယောက် မေးကြသည်ရှိသော်၊

Jeremiah 50:7သူတို့ကို တွေ့ကြုံသမျှသောသူတို့သည် ကိုက်စား ကြပြီ။ ရန်သူတို့က၊ သူတို့သည်တရားသော ငြိမ်ဝပ်ရာ၊ ဘိုးဘေးတို့ခိုလှုံရာ ထာဝရဘုရား ကိုပြစ်မှားသောကြောင့်၊ ငါတို့သည်ကိုက်စားသော်လည်း မလွန်ကျူးဟု ပြောဆို ကြပြီ။

Daniel 9:11အကယ်စင်စစ် ဣသရေလအမျိုးသားအပေါင်းတို့ သည် ဗျာဒိတ်တော်အသံကို နားမထောင်၊ လွှဲသွား၍ ပညတ်တရားတော်ကို လွန်ကျူးကြပါပြီ။ သို့ဖြစ်၍၊ ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့်၊ ကျိန်ဆိုတော် မူခြင်းတည်းဟူသော ဘုရားသခင်၏ ကျွန်မောရှေ၏ ပညတ္တိကျမ်း၌ မှတ်သားသော အကျိန်ကို အကျွန်ုပ်တို့ အပေါ်သို့ သွန်းလောင်းတော်မူ၏။

Romans 3:19ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်တင်သောသူဖြစ်ကြ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 40:3

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 40:2ယေရမိအနာဂတ္တိကျမ်း 40ယေရမိအနာဂတ္တိကျမ်း 40:4 →