ယေရမိအနာဂတ္တိကျမ်း 40:8
နာသနိသားဣရှမေလ၊ ကာရာသားယောဟနန် နှင့်ယောနသန်၊ တာနုမက်သားစရာယ၊ နေတောဖတ် အမျိုး၊ ဧဖဲ၏သားများ၊ မာခသိအမျိုး သားယေဇနိတို့ သည် မိမိလူများနှင့်တကွ ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 40
Cross References
Joshua 12:5ဂေရှုရိလူ၊ မာခါသိလူနေသော ပြည်စွန်းတိုင် အောင် ဗာရှန်ပြည်တရှောက်လုံးကို၎င်း၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ် ပြည်တဝက်ကို၎င်း အစိုးရ၍၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ နေသော အလွန်ကြီးမားသော လူမျိုးထဲက ကျန်ကြွင်း သောသူ ဗာရှန်ရှင်ဘုရင်ဩဃတပါး၊
2 Samuel 10:8အမ္မုန်အမျိုးသားတို့သည် ထွက်၍မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ ဇောဘမြို့၊ ရဟောဘမြို့၊ တောဘ မြို့မှလာသော ရှုရိလူနှင့် မာခါမင်းကြီး၏ လူတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။
2 Samuel 23:34မာခါသိအမျိုးအဟသဘဲ၏သား ဧလိဖလက်၊ ဂိလောနိအမျိုး အဟိသောဖေလ၏သားဧလျံ၊
2 Kings 25:25သတ္တမလတွင်၊ ဆွေတော်မျိုးတော် ဧလိရှမာ သားသနိ၏ သားဣရှမေလသည် လူတကျိပ်နှင့်တကွ လာ၍ ဂေဒလိကို၎င်း၊ မိဇပါမြို့ ၌ ဂေဒလိထံမှာရှိသော ယုဒလူတို့နှင့် ခါလဒဲလူတို့ကို၎င်း သေအောင် လုပ်ကြံ လေ၏။
1 Chronicles 2:54စလမသားဟူမူကား၊ ဗက်လင်နှင့် နေတော ဖာသိလူ၊ အတရုတ်၊ ဗက်ယွာဘ၊ မနဟေသိ အမျိုးတပိုင်း၊ ဇောရိလူ၊
Ezra 2:2ဗာဗုလုန်မြို့သို့ သိမ်းသွားသော လူစုထဲက ထွက်၍ဗေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာ ယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့် အတူလိုက် လာ၍၊ ယေရုရှလင်မြို့ အစရှိသော ယုဒပြည် ၌ အသီးသီးဆိုင်သော မြို့ရွာသို့ ရောက်သောနိုင်ငံသား ဣသရေလလူ စာရင်းဟူမူကား၊