ယေရမိအနာဂတ္တိကျမ်း 42:21
ငါသည်သင်တို့အား ယနေ့ကြားပြော၏။ သင်တို့ မူကား၊ သင်တို့ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော် ကို၎င်း၊ ငါ့အားဖြင့် မှာလိုက်တော်မူသမျှတို့ကို၎င်း၊ နားမထောင်ဘဲနေကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 42
Cross References
Deuteronomy 29:19ထိုသို့သောသူသည် ဤကျိန်ခြင်းစကားကို ကြား သောအခါ၊ စိတ်ခိုင်မာသည်အတိုင်း၊ ငါကျင့်၍ ရေငတ် ခြင်းအပေါ်၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း၊ ချမ်းသာရမည်ဟု စိတ်ထဲမှာ ကိုယ်ကိုကိုယ် ကောင်းကြီး ပေးမည်ဟူ၍၎င်း စိုးရိမ်စရာရှိ၏။
Deuteronomy 30:19အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းကြီးပေး ခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်ဟု သင့်တ ဘက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။
Jeremiah 7:24သို့ရာတွင်၊ သူတို့သည် နားမထောင်၊ နားကို မလှည့်ဘဲ ဆိုးညစ်သော နှလုံးခိုင်မာသည်နှင့်အညီ ကျင့်ကြံပြုမူ၍ မျက်နှာမပြု၊ ကျောခိုင်းလျက် နေကြ၏။
Ezekiel 2:7သူတို့သည် အလွန်ပုန်ကန်တတ်သော သဘော ရှိသည်ဖြစ်၍၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ ငါ့စကားကိုသူတို့အား ဟောပြောရမည်။
Ezekiel 33:31ငါ၏လူကဲ့သို့ သင့်ထံသို့လာ၍၊ ငါ၏လူကဲ့သို့ သင့်ရှေ့မှာထိုင်လျက်၊ သင်၏စကားကိုကြာသော်လည်း၊ နားမထောင်ဘဲနေကြ၏။ အလွန်ချစ်ဘွယ်သော လက္ခဏာကို နှုန်နှင့်ပြသော်လည်း၊ စိတ်နှလုံးမူကား လောကီ ဥစ္စာကိုစွဲလမ်းလျက်ရှိ၏။
Zechariah 7:11သူတို့သည် နားမထောင်ဘဲလွတ်အောင် ရုန်းကြ ၏။ မကြားစေခြင်းငှါ နားကို ပိတ်ကြ၏။