ယေရမိအနာဂတ္တိကျမ်း 46:5
သူတို့သည်ကြောက်ရွံ့၍ ဆုတ်သွားကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။ အားကြီးသော သူတို့ သည် ရှုံးသဖြင့် ပြန်၍မကြည့်ဝံ့။ အလျင်အမြန်ပြေးကြ ၏။ ပတ်လည်အရပ်၌ ဘေးရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 46
Cross References
Genesis 19:17ပြင်သို့ရောက်သောအခါ၊ သင်သည် အသက် ချမ်းသာရခြင်းငှါ ပြေးလော့။ နောက်သို့လှည့်၍ မကြည့် နှင့် မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ ပြေးလော့။ သို့မဟုတ်ဆုံးလိမ့်မည်ဟု ဆိုလေ၏။
Isaiah 19:16ထိုကာလ၌ အဲဂုတ္တု လူတို့သည် မိန်းမကဲ့သို့ ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် သူတို့အ ပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့်၊ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။
Jeremiah 20:3နက်ဖြန်နေ့၌ ပါရှုရသည် ယေရမိကို ထိတ်မှ လွှတ်သောအခါ၊ ယေရမိက၊ ထာဝရဘုရားသည် သင့်ကို ပါရှုရဟူ၍ မှည့်တော်မမူ။ မာဂေါမိဿဘိတ်ဟူ၍ မှည့် တော်မူ၏။
Jeremiah 46:15သင်၏သူရဲသည် အဘယ်ကြောင့် ရှုံးသနည်း။ ထာဝရဘုရားတွန်းချတော်မူသောကြောင့်၊ သူသည် မရပ် မနေနိုင်ရာ။
Jeremiah 49:29သူတို့တဲများနှင့်သိုးစုများကို၎င်း၊ ကုလားကာ များ၊ အသုံးအဆောင်များ၊ ကုလားအုပ်များကို၎င်း သိမ်း၍ ယူသွားရကြမည်။ သူတို့ပတ်လည်၌ ကြောက်လန့်စရာ အကြောင်းကို ကြွေးကြော်ရကြမည်။
Nahum 2:8ရှေးကာလမှစ၍ နိနေဝေမြို့သည် ရေကန်ကဲ့သို့ ဖြစ်၏။ ယခုမူကား၊ ရေတို့သည် စီးထွက်ကြ၏။ ရပ်ကြ။ ရပ်ကြဟုဟစ်သော်လည်း အဘယ်သူမျှ ပြန်၍ မကြည့်။