ယေရမိအနာဂတ္တိကျမ်း 49:24
ဒမာသက်မြို့သည် အားလျော့ပြီ။ ပြေးအံ့သော ငှါ ကိုယ်ကိုလှည့်ပြီ။ တုန်လှုပ်လျက်နေ၏။ ဒုက္ခဆင်းရဲ ကို၎င်း၊ သားဘွားသောမိန်းမခံရသကဲ့သို့၊ ပြင်းစွာသော ဝေဒနာကို၎င်း ခံရ၏။
1835 Judson Burmese Bible
In The King James Version
In Context
25အသရေရှိသောမြို့၊ ငါဝမ်းမြောက်စရာမြို့သည် အဘယ်ကြောင့် မကျန်ကြွင်းရသနည်း။
Read all of ယေရမိအနာဂတ္တိကျမ်း 49
Cross References
Jeremiah 4:31အကယ်စင်စစ် သားဘွားသော မိန်းမညည်းသံ၊ သားဦးဘွားသော မိန်းမ၏ဝေဒနာခံရာ အသံကဲ့သို့၊ ဇိအုန်သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့ သမီးက၊ အကျွန်ုပ်သည် အမင်္ဂလာရှိပါ၏။ လူသတ် များကြောင့်၊ အကျွန်ုပ်စိတ်ပျက်ပါ၏ဟု မိမိလက်ဝါးကို ဖြန့်၍ ငိုကြွေးလျက်နေ၏။
Jeremiah 30:6ယောက်ျားသည် သားဘွားတတ်သလောဟု မေးမြန်းကြည့်ရှုကြလော့။ မိန်းမသည် သားဘွားခြင်း ဝေဒနာကိုခံရသောအခါ၊ မိမိခါး၌ လက်တင်သကဲ့သို့ ယောက်ျားတိုင်းပြု၍၊ ခပ်သိမ်းသော သူတို့သည် မျက်နှာ ပျက်လျက်ရှိကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။
Jeremiah 49:22ရန်သူသည် တက်၍ ရွေလင်းတကဲ့သို့ပျံလျက်၊ ဗောဇရမြို့ကို အတောင်တို့နှင့် ဖြန့်မိုးလိမ့်မည်။ ထိုနေ့၌ ဧဒုံပြည်သားသူရဲတို့၏ စိတ်နှလုံးသည်၊ သားဘွားခြင်း ဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ဖြစ်လိမ့်မည်။
Jeremiah 49:37ဧလံပြည်သားတို့ကို ရန်သူတို့ရှေ့မှာ၎င်း၊ သူတို့ အသက်ကိုရှာသော လူတို့ရှေ့မှာ၎င်း၊ ငါကြောက်လန့် စေ၍၊ ပြင်းစွာသော ငါ၏အမျက်တည်းဟူသော ဘေးဥပဒ်ကိုသူတို့အပေါ်သို့ ရောက်စေမည်။ သူတို့ကို မဖျက်ဆီးမှီတိုင်အောင် သူတို့နောက်သို့ ထားကို လွှတ်လိုက်ရမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
Hosea 13:13သူသည် သားဘွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံရချိန်နီးပြီ။ မိုက်သောအမျိုးသားဖြစ်၏။ သားဘွားရာ ဝမ်းဝ၌ ကြာမြင့်စွာနေပါသည်တကား။