ယေရမိအနာဂတ္တိကျမ်း 49:39
သို့ရာတွင်၊သိမ်းသွားခြင်းကိုခံရသော ဧလံ အမျိုးသားတို့ကို နောင်လာကာလ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 49
Cross References
Isaiah 2:2နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။
Jeremiah 49:6သို့သော်လည်း၊ သိမ်းသွားခြင်းကိုခံရသော အမ္မုန်အမျိုးသားတို့ကို နောက်တဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Ezekiel 29:14သိမ်းသွားခြင်းတို့မရသော အဲဂုတ္တုလူတို့ကို ငါတဖန်ဆောင်ခဲ့၍ သူတို့နေရင်းပြည်၊ ပါသရုပြည်သို့ ပြန်စေမည်။ ထိုပြည်၌ ယုတ်သောနိုင်ငံ ဖြစ်ရလိမ့်မည်။
Ezekiel 39:25ဤအမှုတွင် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သိမ်းသွားခြင်းကို ခံရသောယာကုပ် အမျိုးကို ငါတဖန်ဆောင်ခဲ့၍၊ ဣသရေလအမျိုးသားအပေါင်းတို့ကို ကယ်မသနားသဖြင့်၊ ငါ၏နာမမြတ်အဘို့ အလိုငှါ စိတ်အားကြီးမည်။
Daniel 10:14ယခုမူကား၊ နောင်ကာလတွင် သင်၏ အမျိုးသားချင်းတို့၌ ဖြစ်လတံ့သော အမှုအရာတို့ကို သင် သည် နားလည်စေခြင်းငှါ ငါရောက်လာပြီ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလနှင့် ဆိုင်ပေ၏ဟု ငါ့အား ပြောဆို၏။
Amos 9:14သိမ်းသွားခြင်းကို ခံရသော ငါ၏လူ ဣသရေလအမျိုးသားတို့ကို တဖန် ငါဆောင်ခဲ့သဖြင့်၊ သူတို့သည် ပျက်စီးသောမြို့များကို ပြုပြင်၍ နေကြလိမ့်မည်။ စပျစ်ဥယျာဉ်များကို စိုက်၍ စပျစ်ရည်ကို သောက်ကြလိမ့်မည်။ လယ်ယာများကို ပြုစု၍ အသီးတို့ကို စားကြလိမ့်မည်။