ယေရမိအနာဂတ္တိကျမ်း 5:13
ပရောဖက်တို့သည် လေသက်သက်ဖြစ်ကြ၏။ သူတို့၌ နှုတ်ကပတ်တော်မရှိ။ သူတို့ဟောပြောသည် အတိုင်း သူတို့ခံရလိမ့်မည်ဟု ထာဝရဘုရားကို ငြင်းပယ် လျက်ဆိုတတ်ကြ၏။
1835 Judson Burmese Bible
In The King James Version
And the prophets shall become wind, and the word is not in them: thus shall it be done unto them.
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 5
Cross References
Job 8:2သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း။ သင်ပြောသောစကားသည် အဘယ်မျှကာလ ပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း။
Jeremiah 14:15ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပြည်၌ ထားဘေး၊ မွတ်သိပ်ခြင်း ဘေးမရှိရဟု၊ ငါမစေလွှတ်ဘဲ၊ ငါ့နာမကို အမှီပြု၍၊ ကိုယ်အလိုအလျောက် ဟောပြော သော ပရောဖက်တို့သည် ထားဘေး၊ မွတ်သိပ်ခြင်း ဘေးဖြင့် ဆုံးရကြလိမ့်မည်။
Jeremiah 20:8အကျွန်ုပ်သည် ဟောပြောလေရာရာ၌ အနိုင် အထက်ပြုခြင်း၊ ညှဉ်းဆဲခြင်းအမှုကြောင့် အော်ဟစ်၍ ကြွေးကြော်ရပါ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် အကျွန်ုပ်၌ ကဲ့ရဲ့ခြင်း၊ အစဉ်ပြက်ပြယ်ခြင်းကို ခံစေရာအကြောင်း ဖြစ်ပါ၏။
Hosea 9:7စစ်ကြောရသော အချိန်ရောက်လေပြီ။ အပြစ် ပေးရသောအချိန်ရောက်လေပြီ။ ဣသရေလအမျိုး သိရလိမ့်မည်။ ပရောဖက်သည် အမိုက်ဖြစ်၏။ ဝိညာဉ်ဆု ကျေးဇူးကို ခံသောသူသည် အရူးဖြစ်၏။ သင်၌ အပြစ် ကြီးသည်အတိုင်း ကြီးစွာသော ဖျက်ဆီးခြင်းကို ခံရ၏။