ယေရမိအနာဂတ္တိကျမ်း 50:25
ထာဝရဘုရားသည် လက်နက်စုံ တိုက်တော်ကို ဖွင့်၍၊ အမျက်တော်လက်နက်တို့ကို ထုတ်တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရ ဘုရားသည် ခါလဒဲပြည်၌ ပြုတော်မူသော အမှုပေတည်း။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 50
Cross References
Psalms 45:5ရှင်ဘုရင်၏ ရန်သူတို့နှလုံးထဲမှာ မြှားတော်တို့သည် ထက်သည်ဖြစ်၍၊ လူတို့သည် ခြေတော်အောက်၌ လဲကြ ပါ၏။
Isaiah 13:5ထာဝရဘုရားနှင့်အတူတကွ အမျက်တော် လက်နက်တို့သည် တပြည်လုံးကို ဖျက်ဆီးခြင်းငှါ၊ ဝေး သောပြည်၊ ကောင်းကင်စွန်းမှ လာကြ၏။
Isaiah 14:22ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ငါသည်သူတို့တဘက်၌ ထ၍ ဗာဗုလုန် မြို့၏နာမနှင့် အကြွင်းအကျန်ကို၎င်း၊ သားမြေးတို့ကို၎င်း ပယ်ဖြတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Isaiah 46:10အဦးမှစ၍ အဆုံးတိုင်အောင်၎င်း၊ ရှေးကာလမှ စ၍ မဖြစ်သေးသော အမူအရာတို့ကို၎င်း ဘော်ပြလျက်၊ ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည် ဟု ဆိုလျက်၊
Jeremiah 50:15မြို့ပတ်လည်၌ ကြွေးကြော်ကြလော့။ သူသည် ဝန်ချပြီ။ မြို့ရိုးနှင့် ပြအိုးတို့သည် ပြိုလဲကြပြီ။ ထာဝရ ဘုရား၏အမျက်တော်ပြေခြင်း အမှုဖြစ်၍၊ သူ့ကိုအပြစ် နှင့်အလျောက်စီရင်ကြလော့။ သူသည်ပြုဘူးသည် အတိုင်းသူ၌ ပြုကြလော့။
Jeremiah 51:11မြှားတို့ကို ပွတ်ကြလော့။ ဒိုင်းလွှားတို့ကို ကိုင်စွဲ ကြလော့။ ထာဝရဘုရားသည် မေဒိရှင်ဘုရင်တို့ကို နှိုးဆော်တော်မူပြီ။ ဗာဗုလုန်မြို့ကို ဖျက်ဆီးမည် အကြံ ရှိတော်မူ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ အမျက် တော်ကိုဖြေခြင်း၊ ဗိမာန်တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းအမှုဖြစ်သတည်း။