The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 50 › ယေရမိအနာဂတ္တိကျမ်း 50:42

ယေရမိအနာဂတ္တိကျမ်း 50:42

လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍ သနားခြင်းကရုဏာမရှိ။ သူတို့စကား သံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဗာဗု လုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက်မြင်း စီး၍၊သင်ရှိရာသို့ ချီလာကြလိမ့်မည်။

1835 Judson Burmese Bible

In The King James Version

They shall hold the bow and the lance: they are cruel, and will not shew mercy: their voice shall roar like the sea, and they shall ride upon horses, every one put in array, like a man to the battle, against thee, O daughter of Babylon.

In Context

41ကြည့်ရှုလော့။ လူမျိုးတမျိုးသည် မြောက်မျက်နှာမှ လာ၏။ ကြီးစွာသော လူမျိုးနှင့်များစွာသော ရှင်ဘုရင်တို့ သည် မြေကြီးစွန်းတို့မှ ပေါ်လာကြ၏။

43သူတို့၏သိတင်းကို ဗာဗုလုန်ရှင်ဘုရင်သည် ကြား၍လက်အားလျော့၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဘွား သောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာကို၎င်း ခံရ၏။

Read all of ယေရမိအနာဂတ္တိကျမ်း 50

Cross References

Psalms 46:2ထိုကြောင့် ပထဝီမြေကြီးသည် ရွေ့သွား၍ တောင်များတုန်လှုပ်လျက် သမုဒ္ဒရာသို့ကျသော်လည်း၊ ငါတို့သည် ကြောက်လန့်ခြင်းမရှိ။

Psalms 74:20ပဋိညာဉ်တော်ကို ထောက်တော်မူပါ။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ မှောင်မိုက်သော အရပ်တို့သည် လုယူညှဉ်းဆဲခြင်းနေရာသက်သက် ဖြစ်ကြပါ၏။

Isaiah 5:28သူတို့ မြှားတို့သည် ထက်ကြ၏။ လေးတို့သည် လည်း တင်းလျက်ရှိကြ၏။ မြင်းခွာတို့သည် မီးကျောက် ကဲ့သို့၎င်း၊ ရထားဘီးတို့သည်လည်း၊ လေဘွေကဲ့သို့၎င်း ထင်ကြ၏။

Isaiah 13:17ကြည့်ရှုလော့။ ငွေကိုပမာဏမပြု၊ ရွှေကိုအ လိုမရှိသော မေဒိလူများကို သူတို့တဘက်၌ ငါနှိုးဆော် မည်။

Isaiah 47:6ငါသည် ငါ၏လူတို့ကို အမျက်ထွက်သော ကြောင့်၊ ငါ၏ အမွေကို ရှုတ်ချ၍ သင့်လက်သို့ အပ်လိုက် ၏။ သင်သည် သနားသော စိတ်မရှိ။ အသက်ကြီးသူတို့ အပေါ်မှာ လေးသော ထမ်းဘိုးကို တင်လေပြီ။

Jeremiah 8:16သူ့မြင်းနှာခေါင်းရှုသံကို ဒန်ပြည်က ကြားရ၏။ သူ့မြင်းရဲဟီသံကိုကြား၍ တပြည်လုံးတုန်လှုပ်လေ၏။ သူတို့သည် ရောက်လာ၍၊ ပြည်နှင့် တကွပြည်၌ရှိသမျှကို၎င်း၊ မြို့နှင့်တကွ မြို့သားတို့ကို၎င်း စား၍မျိုကြ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 50:42

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 50:41ယေရမိအနာဂတ္တိကျမ်း 50ယေရမိအနာဂတ္တိကျမ်း 50:43 →