Job 2:5
ယခုတဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
1835 Judson Burmese Bible
In The King James Version
But put forth thine hand now, and touch his bone and his flesh, and he will curse thee to thy face.
In Context
4စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။
6ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်၊
Cross References
1 Chronicles 21:17ဒါဝိဒ်ကလည်း၊ ပြည်သားတို့ကို ရေတွက်စေခြင်း ငှါ စီရင်သော သူကား အကျွန်ုပ်ဖြစ်ပါသည်မဟုတ်လော။ အကျွန်ုပ်ပြစ်မှားပါပြီ။ အလွန်ဒုစရိုက်ကို ပြုမိပါပြီ။ ဤသို့ တို့မူကား အဘယ်သို့ ပြုမိပါသနည်း။ အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ကို ဒဏ် ခတ်ခြင်းငှါ လက်တော်ကိုသူတို့အပေါ်သို့ ရောက်စေ တော်မမူပါနှင့်။ အကျွန်ုပ် နှင့်အကျွန်ုပ်အဆွေအမျိုး အပေါ်သို့ ရောက်စေတော်မူပါဟု ဘုရားသခင်အား တောင်းပန်လေ၏။
Job 1:11ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
Job 2:9ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ် ၍ သေလော့ဟုဆို၏။
Psalms 32:3ငါသည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ၊ တနေ့လုံးညည်း တွားသောအားဖြင့်၊ ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။
Psalms 39:10အကျွန်ုပ်ကို ဒဏ်ခတ်တော်မမူပါနှင့်ဦး။ လက်တော်အောက်၌ ဆုံမခြင်းကိုခံရ၍ အားကုန်ပါပြီ။