Job 2:7
စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။
1835 Judson Burmese Bible
In The King James Version
In Context
6ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်၊
8ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။
Cross References
Exodus 9:9ထိုပြာသည် အဲဂုတ္တုပြည်တရှောက်လုံး၌ နှံ့ပြား သော အမှုန့်ဖြစ်၍၊ ပြည်တရှောက်လုံးတွင် လူနှင့် တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သော အနာဆိုးဖြစ်လိမ့် မည်ဟု မောရှေနှင့် အာရုန်တို့အား မိန့်တော်မူသည်အ တိုင်း၊
Deuteronomy 28:35ထာဝရဘုရားသည် သင့်ဒူးနှင့် ခြေထောက်မက၊ ခြေဘဝါးမှစ၍ ဦးခေါင်းထိပ်တိုင်အောင် မပျောက်နိုင် သော အနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည်။
Job 1:11ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
Job 30:17ညဉ့်အခါ ငါ့အရိုးတို့သည် အလွန်ကိုက်ခဲ၍၊ ငါ့အကြောတို့သည် သက်သာခြင်းမရှိရကြ။
Isaiah 1:6ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာ ခြင်းမရှိ။ စုတ်ရှသောအနာ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသော အနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ် မနယ်ရ။ အဝတ်နှင့်မစည်းရ။ ဘယောင်းဆီးနှင့် မပြော့ စေရသေး။
Revelation 16:11မိမိတို့ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ကျိန်ဆဲ ကြ၏။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ။