Job 2:8
ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။
1835 Judson Burmese Bible
In The King James Version
And he took him a potsherd to scrape himself withal; and he sat down among the ashes.
In Context
9ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ် ၍ သေလော့ဟုဆို၏။
Cross References
Esther 4:1ထိုအမှုရှိသမျှကို မော်ဒကဲသိသောအခါ၊ မိမိ အဝတ်ကိုဆုတ်၍ ပြာနှင့်လူးလျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ မြို့အလယ်သို့သွား၍ ကြီးကျယ်သောအသံနှင့် ငိုကြွေးလေ၏။
Job 19:14ငါ့ပေါက်ဘော်တို့သည် ငါ့ကိုစွန့်၍၊ ငါ့သူငယ် ချင်းတို့သည် မေ့လျော့ကြ၏။
Psalms 38:5အကျွန်ုပ်မိုက်သောအမှုကြောင့် အနာတို့သည် နံစော်၍ ရိယွဲ့လျက်ရှိကြပါ၏။
Isaiah 61:3စိတ်မသာညည်းတွားသော ဇိအုန်မြို့သားတို့ အဘို့ စီရင်၍၊ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်း အရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သော စိတ်သဘော အရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့အား ပေး စေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်းသပိတ်ပင်၊ ဘုန်းအသရေတော်ဘို့ ထာဝရဘုရားစိုက်ပျိုးတော်မူသော အပင်ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည်။
Ezekiel 27:30သင့်အဘို့အော်ဟစ်၍ ပြင်းစွာငိုကြွေးကြလိမ့် မည်။ မြေမှုန်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်၍ပြာ၌ လူးကြလိမ့်မည်။
Matthew 11:21အိုခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူ ကား၊ သင်တို့တွင်ပြသောတန်ဖိုးကို တုရုမြို့နှင့်ဇိဒုန်မြို့တို့တွင်ပြဘူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေ အဝတ်ကို ဝတ်၍၊ ပြာနှင့် လူးလျက်နောင်တ ရကြလိမ့်မည်။