Job 20:21
သူလုယူချင်သော လောဘလက်နှင့် အဘယ် အရာမျှ မလွတ်သောကြောင့်၊ သူ၏စည်းစိမ်မတည်ရ။
1835 Judson Burmese Bible
In The King James Version
There shall none of his meat be left; therefore shall no man look for his goods.
In Context
20လောဘမပြေနိုင်သောကြောင့်၎င်း၊ အလိုရှိ သော ဥစ္စာတစုံတခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည်။
22ဥစ္စာကြွယ်ဝစဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့၍၊ အမျိုးမျိုးသော အမှုတို့သည် ရောက်ကြလိမ့်မည်။
Cross References
Job 18:19သူ့အမျိုးတွင် သူ့သားမြေးမရှိ။ သူ၏အိမ်သူ အိမ်သားတယောက်မျှ မကျန်ရစ်ရ။
Isaiah 5:9ငါ၏နားအပါး၌ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ကြီး ကျယ်တင့်တယ်သော အိမ်အများတို့သည် နေသောသူ မရှိ။ လူဆိတ်ညံရာဖြစ်ကြလိမ့်မည်။
Amos 3:10မြို့သားတို့သည် တရားသောအမှုကို မပြုတတ်၊ အနိုင်အထက်ပြု၍ လုယူသောဥစ္စာကို ဘုံဗိမာန်တို့၌ သိုထားတတ်ကြသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Luke 16:24အိုအဘအာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသော ကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌နှစ်၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အကျွန်ုပ်ရှိရာသို့ စေ လွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။