Job 23:13
သို့ရာတွင် သဘောတညီတည်းရှိတော်မူသော ဘုရားသခင်ကို အဘယ်သူသည် ပြောင်းလဲစေနိုင်မည် နည်း။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
But he is in one mind, and who can turn him? and what his soul desireth, even that he doeth.
In Context
12ထားတော်မူသော ပညတ်တို့ကို ငါမပယ်။ နှုတ်တော်ထွက် စကားတို့ကို ငါရင်ခွင်၌ သိုထားပါ၏။
14ငါ့အငန်းအတာကို စီရင်တော်မူ၏။ ထိုသို့သော အကြံအစည်တော်အများရှိကြ၏။
Cross References
Numbers 23:19ဘုရားသခင်သည် မုသာစကားကို ပြောအံ့သော ငှါ လူဖြစ်တော်မူသည်မဟုတ်။ နောင်တရအံ့သောငှါ လူသားဖြစ်တော်မူသည်မဟုတ်။ မိန့်တော်မူပြီးမှ၊ စကားတော်အတိုင်း မပြုဘဲ နေတော်မူမည်လော။ ဂတိထားတော်မူပြီးမှ၊ ဂတိတော် မတည်ဘဲနေတော်မူမည်လော။
Job 10:13ယခုရောက်သောအမှုတို့ကိုလည်း၊ နှလုံးတော်၌သိုထား၍ ကြံစည်တော်မူသည်နှင့်အညီ ရောက်ကြောင်း ကို အကျွန်ုပ်သိပါ၏။
Job 12:14ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ။ လူကို ချုပ်ထားသော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။
Psalms 115:3ငါတို့၏ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။
Proverbs 19:21လူသည်အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား၏အကြံတော်သည် တည်လိမ့် မည်။
Ecclesiastes 3:14ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စ ထာဝရဖြစ်သည်ကို ငါသိ၏။ ထပ်၍မပြုနိုင်ရာ။ နှုတ်၍ မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ ကြောက်ရွံ့မည် အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။