Job 23:4
ရှေ့တော်သို့ရောက်မှ ငါသည် ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာသောအကျိုးအကြောင်းတို့ကို လျှောက်ထားရ၏။
1835 Judson Burmese Bible
In The King James Version
I would order my cause before him, and fill my mouth with arguments.
In Context
3ဘုရားသခင်ကိုတွေ့နိုင်သော အရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။
5ငါ့အားပြန်ပြောမိန့်မြွက်တော်မူသော စကားတော်ကို ငါသိနားလည်ရ၏။
Cross References
Genesis 18:25ထိုသို့ပြု၍ ဖြောင့်မတ်သော သူတို့ကို မတရား သော သူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော်နှင် ဝေးပါစေသတည်း။ ဖြောင့်မတ်သော သူတို့ကို မတရားသောသူတို့ကဲ့သို့ခံစေသောအမှုသည် ကိုယ်တော်နှင့် ဝေးပါစေသတည်း၊ မြေကြီးလုံးကို စီရင်တော်မူသော သခင်သည်၊ တရားသဖြင့် ပြုတော်မူမည် မဟုတ်လောဟု လျောက်ဆို၏။
Exodus 32:12အဲဂုတ္တုလူတို့ကလည်း၊ ဘုရားသခင်သည် မကောင်းသော အကြံရှိသဖြင့်၊ သူတို့ကို တောတောင်များ၌ သတ်၍ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းခြင်း အလိုငှါသာ၊ နှုတ်ဆောင်လေသည်ဟု အဘယ်ကြောင့် ဆိုဘွယ်အကြောင်း ရှိရပါမည်နည်း။ ပြင်းစွာသော အမျက်တော်ကို ပယ်တော်မူပါ။ ကိုယ်တော်၏ လူတို့၌ ဤသို့ အပြစ်ပေးမည်အကြံကို နောင်တရတော်မူပါ။
Joshua 7:8အိုဘုရားရှင်၊ ဣသရေလအမျိုးသားတို့သည် ရန်သူတို့ရှေ့မှာ ကျောကိုလှည့်ရကြသည်ဖြစ်၍ အကျွန်ုပ် သည် အဘယ်သို့ ပြောရပါမည်နည်း။
Job 13:18ယခုငါ့အမှုကို ငါပြင်ဆင်ပြီ။ ငါ၌အပြစ်လွတ်ခြင်း ထင်ရှားမည်ဟု ငါသိ၏။
Psalms 25:11အိုထာဝရဘုရား၊ အကျွန်ုပ်အပြစ်များလှသော ကြောင့် နာမတော်ကိုထောက်၍ ချမ်းသာပေးတော်မူပါ။
Isaiah 43:26ငါ့ကို သတိပေးလော့၊ တရားတွေ့ကြကုန်အံ့။ သင်သည် အပြစ်လွတ်မည်အကြောင်း ပြောလော့။