Job 31:12
ထိုအပြစ်သည် အကုန်အစင်လောင်သောမီး၊ ငါ့စည်းစိမ်ရှိသမျှ ကိုသုတ်သင်ပယ်ရှင်းသောမီးဖြစ်၏။
1835 Judson Burmese Bible
In The King James Version
For it is a fire that consumeth to destruction, and would root out all mine increase.
In Context
11ငါသည်ထိုသို့ပြုမိလျှင် အပြစ်ကြီး၏။ ရာဇဝတ် ခံထိုက်သော အပြစ်ရှိ၏။
13ငါ့ကျွန်နှင့်ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာ အမှုရှိသောအခါ၊ ငါနားမထောင်ဘဲနေမိလျှင်၊
Cross References
Job 20:28သူ၏အိမ်၌ရှိသော ဥစ္စာသည်ကွယ်ပျောက်၍၊ အမျက်တော် ထွက်သာနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။
Proverbs 3:33မတရားသောသူ၏ နေရာသည်ထာဝရဘုရား ကျိန်တော်မူခြင်းကို တွေ့တတ်၏။ တရားသောသူ၏ နေရာကို ကားကောင်းကြီးပေးတော်မူ၏။
Jeremiah 5:7ထိုသို့သော အပြစ်မှ သင့်ကို အဘယ်သို့ ငါလွှတ် နိုင်သနည်း။ သင်၏ သားသမီးတို့သည် ငါ့ကိုစွန့်၍၊ ဘုရားမဟုတ်သော သူတို့ကို တိုင်တည်လျက် ကျိန်ဆို ကြပြီ။ ငါသည်ဝစွာကျွေးသော အခါသူတို့သည် ပြည်တန် ဆာအိမ်၌ စည်းဝေး၍ မှားယွင်းကြပြီ။
Hebrews 13:4ခပ်သိမ်းသော သူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသေရေ ရှိစေလော့။ မတရားသော မေထုန်ကိုပြုသောသူနှင့်သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်တော်မူလိမ့်မည်။