Job 34:31
အကျွန်ုပ်သည် ဆုံးမတော်မူခြင်းကို ခံရပါပြီ။ နောက်တဖန် မပြစ်မှားပါ။
1835 Judson Burmese Bible
In The King James Version
Surely it is meet to be said unto God, I have borne chastisement, I will not offend any more:
In Context
30ထိုသို့ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်း အဓမ္မမင်းတို့ကို နှိမ့်ချတော်မူ၏။
Cross References
Numbers 22:34ဗာလမ်ကလည်း၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ကိုယ် တော်သည် လမ်း၌ ကန့်လန့်နေတော်မူသည်ကို အကျွန်ုပ် မသိပါ။ ယခုမှာ အလိုတော်မရှိလျှင် အကျွန်ုပ်ပြန်သွားပါ မည်ဟု ထာဝရဘုရား၏ ကောင်းကင်တမန်အား ဆိုလျှင်၊
Nehemiah 9:33ကိုယ်တော်မူကား အကျွန်ုပ်တို့အပေါ်သို့ရောက် စေသမျှသော အမှု၌တရားတော်မူ၏။ အကျွန်ုပ်တို့သည် မတရားသဖြင့် ပြုကြပါပြီ။ ကိုယ်တော်သည် တရား သဖြင့်သာ စီရင်တော်မူပြီ။
Job 40:3ယောဘက အကျွန်ုပ်သည် ဆိုးယုတ်ပါ၏။
Proverbs 28:13မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
Jeremiah 31:18ဧဖရိမ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဆုံးမ တော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားလားကဲ့သို့ ဆုံးမခြင်းကို ခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင်တော် မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ပြန်လာပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရား သခင်ဖြစ်တော်မူ၏။
Micah 7:9ငါသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ အမျက်တော်ကို ခံရ၏။ ငါ့အမှုကို စစ်ကြော၍ တရားဆုံး ဖြတ်တော်မမူမှီတိုင်အောင် ငါခံရ၏။ ငါ့ကို အလင်းထဲသို့ ထုတ်၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ်ခြင်း ပါရမီတော်ကို ငါမြင်ရလိမ့်မည်။