Job 5:21
သင်သည်ကဲ့ရဲ့ခြင်းဘေးနှင့် ကင်းလွတ်၍ ပျက်စီးခြင်းဘေးရောက်သော်လည်း မကြောက်ရ။
1835 Judson Burmese Bible
In The King James Version
In Context
20အစာခေါင်းပါးသောအခါ သေဘေးမှ၎င်း၊ စစ်တိုက်သောအခါ ထားဘေးမှ၎င်း၊ သင့်ကို ရွေးနှုတ် တော်မူလိမ့်မည်။
22ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်းဘေးကို ရယ်မော၍ တောသားရဲတို့ကိုလည်း မကြောက်ရ။
Cross References
Psalms 31:21ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း။ အကြောင်းမူကား၊ ခိုင်ခံသောမြို့၌ အံဘွယ်သောမေတ္တာ ကရုဏာတော်ကို အကျွန်ုပ်အား ထင်ရှားပြတော်မူပြီ။
Psalms 57:4ငါ့ဝိညာဉ်သည် ခြင်္သေ့စုထဲမှာ နေရ၏။ ဒေါသ မီးလောင်လျက်ရှိသော လူသားတို့တွင် ငါအိပ်ရ၏။ သူတို့ သွားတို့သည် လှံနှင့်မြှားဖြစ်ကြ၏။ သတို့လျှာသည်လည်း ထက်သောသန်လျှက် ဖြစ်၏။
Proverbs 12:18သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ် သော လူတချို့ရှိ၏။ ပညာရှိတို့၏ လျှာမူကား အနာကို ပင် ပျောက်စေတတ်၏။
Jeremiah 18:18သူတို့ကလည်း လာကြ။ ယေရမိတဘက်၌ ကြံစည်ကြကုန်အံ့။ ယဇ်ပုရောဟိတ်သည် တရားအမှု၌၎င်း၊ ပညာရှိသော သူသည် အကြံပေးခြင်းအမှု၌၎င်း၊ ပရောဖက်သည် ဟောပြောခြင်းအမှု၌၎င်း အရှုံးမခံရ။ လာကြ။ ယေရမိကိုလျှာနှင့်ရိုက်ကြကုန်အံ့။ သူ၏စကားကို နားမထောင် ဘဲနေကြကုန်အံ့ဟု ဆိုကြ၏။