Joel 1:8
အသက်ငယ်စဉ်လက်ထပ်သော ခင်ပွန်းအတွက် လျှော်တေအဝတ်ကို ဝတ်သော သတို့သမီးကဲ့သို့ ငိုကြွေး မြည်တမ်းလော့။
1835 Judson Burmese Bible
In The King James Version
Lament like a virgin girded with sackcloth for the husband of her youth.
In Context
Cross References
Isaiah 22:12ထိုကာလ၌ ငိုကြွေးမြည်တမ်းခြင်း၊ ဆံပင်ကို ပယ်ဖြတ်ခြင်း၊ လျှော်တေအဝတ်ကို ဝတ်စည်းခြင်း အလို ငှါ၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် နှိုးဆော် တိုက်တွန်းတော်မူသော်လည်း၊
Isaiah 32:11ငြိမ်သက်စွာ နေသောမိန်းမတို့၊ တုန်လှုပ်ကြ လော့။ သတိမရှိသောသူတို့၊ ပူပန်ခြင်းရှိကြလော့။ အဝတ် တန်ဆာရှိသမျှတို့ကို ပယ်ချွတ်ပြီးမှ၊ ခါး၌လျှော်တေအဝတ်ကို စည်းကြလော့။
Jeremiah 9:17ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဆင်ခြင်ကြလော့၊ ငိုခြင်းသည် မတို့ကိုခေါ်၍ လာကြစေ။ လိမ္မာသော မိန်းမတို့ ရှိရာသို့ စေလွှတ်၍ လာကြစေ။
Joel 2:12သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့။
Malachi 2:15တဦးတည်းသော်လည်း၊ ကိုယ်တော်၌ ဝိညာဉ် တော် အကျန်အကြွင်းရှိ၏။ အဘယ်ကြောင့် တဦးတည်း ကိုသာ ဖန်ဆင်းတော်မူသနည်းဟူမူကား၊ ဘုရားသခင်နှင့် ထိုက်တန်သောအမျိုးကိုရှာ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍၊ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ အသက်ပျိုစဉ်အခါ လက်ထပ်သော မယားကို သစ္စာဖျက် ၍ မပြစ်မှားကြနှင့်။
James 5:1အချင်းသူဌေး၊ သူကြွယ်တို့၊ ယခုလာကြ၊ သင်တို့အပေါ်၌ ရောက်လတံ့သော ဆင်းရဲဒုက္ခဝေဒနာ ကြောင့် ငိုကြွေးအော်ဟစ်ကြ။