Joel 2:3
သူတို့ရှေ့မှာ မီးလောင်၏။ နောက်၌လည်း မီးလျှံတောက်၏။ ရှေ့တွင်ရှိသော ပြည်သည် ဧဒင် ဥယျာဉ်ကဲ့သို့ ဖြစ်၏။ နောက်၌ကား၊ သုတ်သင်ပယ်ရှင်း သော လွင်ပြင်ဖြစ်၏။ အကယ်စင်စစ် သူတို့လက်မှ အဘယ်အရာမျှ မလွတ်ရ။
1835 Judson Burmese Bible
In The King James Version
In Context
4သူတို့သည် အဆင်းအားဖြင့် မြင်းနှင့်တူ၍၊ မြင်းစီးသူရဲကဲ့သို့ ပြေးကြလိမ့်မည်။
Cross References
Genesis 2:8ထာဝရအရှင် ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင်၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။
Exodus 10:5မြေမထင်ပေါ်နိုင်အောင် သူတို့သည် မြေမျက်နှာကို ဖုံးလွှမ်းကြလိမ့်မည်။ မိုဃ်းသီးမဖျက်၊ သင်တို့၌ ကျန်ကြွင်းသေးသမျှကို၎င်း၊ သင်တို့အဘို့ မြေ၌ ပေါက်သမျှသော အပင်တို့ကို၎င်း စားကြလိမ့်မည်။
Psalms 50:3ငါတို့၏ ဘုရားသခင် ကြွလာတော်မူ၏။ တိတ်ဆိတ်စွာ နေတော်မမူ။ ရှေ့တော်၌ မီးလောင်လျက် ပတ်ဝန်းကျင်၌ မိုဃ်းသက်မုန်တိုင်း ပြင်းပြလျက်ရှိ၏။
Isaiah 33:4သူတပါးတို့သည် သင်တို့၏ ဥစ္စာကို ကျိုင်း ကောင် သိမ်းယူသကဲ့သို့ သိမ်းယူကြလိမ့်မည်။ ကျိုင်း ကောင်တို့သည် လူးလာပြေးသကဲ့သို့၊ သင်တို့၏ ဥစ္စာပေါ် မှာ လူးလာပြေးကြလိမ့်မည်။
Jeremiah 5:17ထိုသူတို့သည် သင်၏အသီးအနှံနှင့် သင်၏မုန့် ကို စားကြလိမ့်မည်။ သင်၏သားသမီးတို့ကိုလည်း စားကြ လိမ့်မည်။ သင်၏သိုးနွားတို့ကိုလည်း စားကြလိမ့်မည်။ သင်၏စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကိုလည်း စားကြလိမ့်မည်။ သင်ခိုလှုံ၍ ခိုင်ခံ့သောမြို့တို့ကိုလည်း တိုက်၍ လုပ်ကြံကြလိမ့်မည်။
Joel 1:4ဂါဇံကျိုင်းခြွင်းထားသော အရာကိုအရာ ဘကျိုင်းစား၏။ အရာဘကျိုင်းခြွင်းထားသော အရာကို ယာလက်ကျိုင်းစား၏။ ယာလက်ကျိုင်းခြွင်းထားသော အရာကို ခါသိလကျိုင်းစား၏။