Joel 3:12
တပါးအမျိုးသားတို့သည် ထ၍ ယောရှဖတ်ချိုင့် သို့ တက်လာကြစေ။ ပတ်လည်၌နေသော တပါးအမျိုး သားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှာ ထိုအရပ်၌ ငါထိုင်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Chronicles 20:26စတုတ္တွနေ့တွင် ဗရာခချိုင့်၌စည်းဝေး၍၊ ထာဝရဘုရားကို ကောင်းကြီးပေးကြ၏။ ထိုကြောင့်၊ ယနေ့တိုင်အောင် ထိုအရပ်သည် ဗရာခချိုင့်ဟူ၍ တွင်သတည်း။
Psalms 7:6အိုထာဝရဘုရား၊ အမျက်တော် ထွက်၍ ထတော်မူပါ။ အကျွန်ုပ်၏ရန်သူတို့ ပြင်းထန်ခြင်းကို ဆီးတား၍ အားထုတ်တော်မူပါ။ အကျွန်ုပ်အဘို့ နိုးတော် မူပါ။ တရားစီရင်ဆုံးဖြတ်တော်မူပါ။
Psalms 96:13အကြောင်းမူကား၊ ကိုယ်တော်သည် ကြွလာ တော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ လူများကို သစ္စာတော်နှင့်၎င်း စီရင်ဆုံးဖြတ်တော် မူလတံ့။
Psalms 110:5လက်ျာတော်နားမှာ ရှိသောဘုရားရှင်သည် အမျက်တော် အချိန်ကာလ၌ ရှင်ဘုရင်တို့ကို ဒဏ်ခတ် တော်မူမည်။
Isaiah 3:13ထာဝရဘုရားသည် မိမိအမှုကို စောင့်အံ့သော ငှါ ထတော်မူ၏။ မိမိလူတို့ကို တရားစီရင်မည်ဟု အားထုတ်တော်မူ၏။
Ezekiel 39:11ထိုကာလတွင် ဣသရေလပြည်၊ အိုင်အရှေ့၊ ခရီးသွားရာချိုင့်၌ ထင်ရှားသော သင်္ချိုင်းကိုဂေါဂအား ငါပေးမည်။ ခရီသွားသော သူတို့သည် နှာခေါင်းကို ပိတ်ရ ကြလိမ့်မည်။ ထိုအရပ်၌ ဂေါဂ နှင့်သူ၏လူ အလုံးအရင်းရှိသမျှကိုမြေ၌ မြှုပ်၍၊ ထိုချိုင့်သည် ဟာမုန်ဂေါဂ ချိုင့်အမည်ဖြင့် တွင်လိမ့်မည်။