Joel 3:14
ကွပ်မျက်ရာချိုင့်၌ လူများ စည်းဝေးလျက်၊ လူများစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ ထာဝရ ဘုရား၏ နေ့ရက်သည် ရောက်လုနီးပြီ။
1835 Judson Burmese Bible
In The King James Version
In Context
15နေနှင့်လသည် မိုက်လိမ့်မည်။ ကြယ်တို့သည် လည်း မထွန်းလင်းဘဲ နေကြလိမ့်မည်။
Cross References
Isaiah 34:2ထာဝရဘုရား၏ အမျက်တော်သည် လူမျိုးအ ပေါင်းတို့၌ ထွက်၍၊ ပြင်းစွာသောအမျက်တော်သည် သူ တို့အလုံးအရင်းအပေါ်မှာ သင့်ရောက်လေ၏။ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ အသေသတ်ခြင်း၌ အပ်လိုက်တော် မူ၏။
Ezekiel 38:8ကြာမြင့်စွာ ကာလလွန်ပြီးမှ သင်သည် အုပ်ချုပ် ရသောအခွင့်ရှိလိမ့်မည်။ ထားဘေးနှင့်လွတ်၍ လူ အမျိုးမျိုးထဲက နှုတ်သောပြည်သား၊ ကြာမြင့်စွာ ဆိတ်ညံ လျက်နေသော ဣသရေလတောင်တို့အပေါ်သို့၊ တဖန်ဆောင်ခဲ့သော ပြည်သားတို့ရှိရာသို့ နောင်ကာလ၌ သင်သည်စစ် ချီ၍လာလိမ့်မည်။ ထိုပြည်သားတို့သည် လူအမျိုးမျိုးထဲက နှုန်ဆောင်သောသူဖြစ်၍၊ တပြည်လုံး ငြိမ်ဝပ်လျက်ရှိနေသောအခါ၊
Joel 1:15ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရ ဘုရား၏ နေ့ရက်နီးပြီ။ အနန္တတန်ခိုးရှင် ဖျက်ဆီးခြင်း ဘေးကဲ့သို့ ရောက်လာလိမ့်မည်။
Joel 3:2ခပ်သိမ်းသော လူမျိုးတကာတို့ကို ငါသည် စုဝေး စေ၍ ယောရှဖတ်ချိုင့်သို့ ခေါ်ခဲ့မည်။ သူတို့သည် ငါ့ပြည် ကို ဝေဖန်၍ အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကွဲပြားစေ သော ငါ၏အမွေလူ ဣသရေလအမျိုးဘက်မှာ ငါသည် တရားစီရင်မည်။
2 Peter 3:7ယခုရှိသော မိုဃ်းကောင်းကင်နှင့်မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသော နေ့ရက် တိုင်အောင်၊ ထိုနှုတ်ကပတ် တော်အားဖြင့် သိုထားလျက် ရှိ၍၊ မီးရှို့ခြင်းအဘို့အလိုငှါ နေရစ်သတည်း။
Revelation 19:19သားရဲမှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏ ဗိုလ်ခြေများတို့သည်၊ မြင်းစီးတော်မူသောသူနှင့် ဗိုလ်ခြေတော်ကို စစ်တိုက်ခြင်းငှါ စည်းဝေးကြသည်ကို ငါမြင်၏။