Joel 3:2
ခပ်သိမ်းသော လူမျိုးတကာတို့ကို ငါသည် စုဝေး စေ၍ ယောရှဖတ်ချိုင့်သို့ ခေါ်ခဲ့မည်။ သူတို့သည် ငါ့ပြည် ကို ဝေဖန်၍ အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကွဲပြားစေ သော ငါ၏အမွေလူ ဣသရေလအမျိုးဘက်မှာ ငါသည် တရားစီရင်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Chronicles 20:26စတုတ္တွနေ့တွင် ဗရာခချိုင့်၌စည်းဝေး၍၊ ထာဝရဘုရားကို ကောင်းကြီးပေးကြ၏။ ထိုကြောင့်၊ ယနေ့တိုင်အောင် ထိုအရပ်သည် ဗရာခချိုင့်ဟူ၍ တွင်သတည်း။
Jeremiah 12:14ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါပေး သနား၍၊ ငါ၏လူ ဣသရေလအမျိုးပိုင်ထိုက်သော အမွေ ကို ထိခိုက်သော၊ ငါ၏အိမ်နီးချင်းဆိုးအပေါင်းတို့ကို၊ သူတို့ ပြည်ထဲက ငါနှုတ်မည်။ သူတို့အထဲကလည်း ယုဒအမျိုးကို ငါနှုတ်မည်။
Jeremiah 49:1အမ္မုန်အမျိုးသားတို့ကို ရည်မှတ်၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ဣသရေလ၌ သားမရှိ သလော။ အမွေခံမရှိသလော။ မိလကုံဘုရားသည် ဂဒ်ပြည်ကို အဘယ်ကြောင့် သိမ်းယူသနည်း။ သူ့တပည့် တို့သည် ဂဒ်မြို့တို့၌အဘယ်ကြောင့် နေကြသနည်း။
Ezekiel 35:10သင်က၊ ဤတိုင်းပြည်နှစ်ပြည်ကိုငါတို့သည် သိမ်း၍ပိုင်မည်ဟု ထိုပြည်၌ ထာဝရဘုရားရှိလျက်နှင့် ဆိုမိသောကြောင့်၊
Ezekiel 38:22ငါသည်ကာလနာဘေး၊ အသေသတ်ခြင်းဘေး အားဖြင့် သူ့ကိုဒဏ်ပေးမည်။ သူနှင့်သူ၌ပါသောတပ်များ၊ အလုံးအရင်းများအပေါ်မှာ လွှမ်းမိုးသောမိုဃ်းရေ၊ ကြီး သောမိုဃ်းသီး၊ ကန့်နှင့်ရောသောမီးမိုဃ်းကို ရွာစေမည်။
Joel 3:12တပါးအမျိုးသားတို့သည် ထ၍ ယောရှဖတ်ချိုင့် သို့ တက်လာကြစေ။ ပတ်လည်၌နေသော တပါးအမျိုး သားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှာ ထိုအရပ်၌ ငါထိုင်မည်။