ရှင်ယောဟန်ခရစ်ဝင် 1:34
ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။
1835 Judson Burmese Bible
In The King James Version
And I saw, and bare record that this is the Son of God.
In Context
35တဖန်ယောဟန်သည် နက်ဖြန်နေ့၌ တပည့်နှစ်ယောက်တို့နှင့် အတူရပ်နေ၍၊
Read all of ရှင်ယောဟန်ခရစ်ဝင် 1
Cross References
Psalms 89:26သူကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်ရာ ကျောက်ဖြစ်တော်မူ၏ဟု၊ ငါ့ကို ကြွေးကြော်လိမ့်မည်။
Matthew 4:3ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
Matthew 8:29ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အချိန် မရောက်မှီ အကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှါ ကြွလာတော်မူသလောဟု အော်ဟစ်၍လျှောက်ကြ၏။
Matthew 16:16ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။
Matthew 26:63ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ် ပုရောဟိတ်မင်းကလည်း သင်သည် ခရစ်တော်တည်း ဟူသော ဘုရားသခင်၏သားတော်မှန်သည် မမှန်သည်ကို ငါတို့အား ပြောစေခြင်းငှါ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ငါတိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏ဟု ဆိုလျှင်၊
Matthew 27:43သူသည် ဘုရားသခင်ကိုကိုးစားပြီ။ ငါသည် ဘုရားသခင်၏သားဖြစ်၏ဟုဆိုပြီ။ သို့ဖြစ်၍ ဘုရား သခင်သည် သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ပြက်ယယ်ပြု၍ ပြောဆိုကြ၏။