ရှင်ယောဟန်ခရစ်ဝင် 10:6
ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက် အဓိပ္ပါယ်ကိုနားမလည်ကြ။
1835 Judson Burmese Bible
In The King James Version
In Context
7ထိုကြောင့် တဖန်ယေရှုက၊ ငါအမှန်အကန်ဆိုသည်ကား၊ ငါသည် သိုးဝင်သောတံခါးဝဖြစ်၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 10
Cross References
Psalms 82:5သူတို့သည် မသိ၊ နားမလည်ကြ။ မှောင်မိုက်၌ ကျင်လည်ကြ၏။ မြေကြီးတိုက်မြစ်အပေါင်းတို့သည် လှုပ်ရှားလျက်ရှိကြ၏။
Proverbs 28:5အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည် တတ်။ ထာဝရဘုရားကို ရှာသောသူမူကား၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည်တတ်၏။
Isaiah 56:11စားချင်အားကြီး၍ ဝမ်းမပြည့်နိုင်သော ခွေး လည်း ဖြစ်ကြ၏။ သိုးထိန်းတို့သည်လည်း မကြည့်မရှု တတ်ကြ။ ထိုသိုးထိန်းရှိသမျှတို့သည် လမ်းလွှဲ၍ မိမိတို့ လမ်းသို့ လိုက်ကြပြီ။ တယောက်မျှမကြွင်း၊ တညီတညွတ် တည်း ကိုယ်အကျိုးစီးပွားကိုသာ ရှာကြ၏။
Matthew 13:13ထိုကြောင့် သူတို့သည် မြင်လျက်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာကိုဆောင်၍ ငါဟောပြော၏။
John 6:52ထိုအခါ ယုဒလူတို့က၊ ဤသူသည်မိမိအသားကို ငါတို့စားစရာဘို့အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။
John 7:36သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက် နိုင်ကြဟူသောစကားသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်းဆိုကြ၏။