John 11:3
ညီအစ်မတို့သည် အထံတော်သို့စေလွှတ်၍၊ သခင်၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက် နေပါသည်ဟုလျှောက်ကြ၏။
1835 Judson Burmese Bible
In The King James Version
Therefore his sisters sent unto him, saying, Lord, behold, he whom thou lovest is sick.
In Context
Cross References
Genesis 22:2သင်သည် အလွန်ချစ်သော တယောက်တည်း သော သားဣဇာတ်ကိုယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူကိုမီးရှို့ရာ ယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။
John 11:1ညီအစ်မ မာရိနှင့်မာသတို့နေသော ဗေသနိရွာသား၊ လာဇရုအမည်ရှိသော သူတယောက်သည် နာ လျက်နေလေ၏။
John 11:11ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကို နိုးခြင်းအလိုငှါ ငါသွားမည်ဟု မိန့်တော်မူ၏။
John 13:23ယေရှုချစ်တော်မူသောတပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊
2 Timothy 4:20ဧရက္ကုသည် ကောရိနသုမြို့၌နေ၏။ တရောဇိမ် သည် နာ၍ မိလက်မြို့၌ငါထားခဲ့၏။
James 5:14နာသောသူရှိလျှင်၊ သင်းအုပ်ကိုခေါ်၍ သူတို့ သည် သခင်ဘုရား၏ နာမတော်ကို အမှီပြုလျက်၊ လူနာကိုဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။