ရှင်ယောဟန်ခရစ်ဝင် 11:33
မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးသည်ကို ယေရှုသည်မြင်တော်မူသောအခါ၊ အလွန် ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊
1835 Judson Burmese Bible
In The King James Version
In Context
34အလောင်းကို အဘယ်မှာထားကြသနည်းဟုမေးတော်မူလျှင်၊ သခင်ကြွ၍ ကြည့်တော်မူပါဟု လျှောက် ကြ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 11
Cross References
Genesis 45:1ထိုအခါ ယောသပ်သည် မိမိထံ၌ရှိသောသူ အပေါင်းတို့ရှေ့တွင်၊ ဣန္ဒြေကို မချုပ်တည်းနိုင်သော ကြောင့်၊ လူအပေါင်းတို့ငါ့ထံမှ ထွက်သွားကြဟု ဟစ်၍ မိမိဇာတိအဖြစ်ကို အစ်ကိုတို့အားပြသောအခါ၊ အခြား သော သူတယောက်မျှ မရှိရ။
Mark 9:19ကိုယ်တော်က၊ ယုံကြည်ခြင်းမရှိသောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံးနေရ မည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူ သည်အတိုင်း၊
John 11:38တဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ရောက်တော်မူ၏။ ထိုတွင်းသည် မြေ တွင်းဖြစ်၏။ ကျောက်နှင့်ပိတ်ထား၏။
John 13:21ထိုသို့ယေရှုသည်မိန့်တော်မူပြီမှ စိတ်နှလုံးတော်ပူပန်ခြင်းရှိ၏။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့ တွင် တစုံတယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု သက်သေခံလျက်မိန့်တော်မူ၏။
Hebrews 4:15ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။