ရှင်ယောဟန်ခရစ်ဝင် 12:32
ငါသည်လည်းမြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကို ခံရလျှင်။ လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
And I, if I be lifted up from the earth, will draw all men unto me.
In Context
33ထိုသို့ မိန့်တော်မူသော်၊ မိမိသည် အဘယ်သို့သေရမည်အရိပ်ကို ပေးတော်မူ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 12
Cross References
Numbers 21:9မောရှေသည် ကြေးဝါဖြင့် မြွေကို လုပ်၍ တိုင် ပေါ်မှာ မြှောက်ချီထားပြီးလျှင်၊ မြွေကိုက်သောသူမည် သည်ကား၊ ကြေးဝါမြွေကို ကြည့်ရှုသောအခါ အသက် ချမ်းသာရကြ၏။
2 Samuel 18:9ဒါဝိဒ်၏ ကျွန်တို့သည် အဗရှလုံကိုတွေ့ကြ၏။ သူသည်မြည်းကို စီးလျက်ပင် မြည်းသည် ကြီးသော သပိတ်ပင်အကိုင်းအခက်အောက်သို့ဝင်၍၊ အဗရှလုံ၏ ခေါင်းသည်သပိတ်ပင်၌ ငြိသဖြင့်၊ မိုဃ်းနှင့်မြေကြီး စပ်ကြားမှာ တွဲလွဲဆွဲလျက်နေ၍၊ မြည်းသည် အလို အလျောက် သွားလေ၏။
Song of Solomon 1:4ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ၍ ချီးမွမ်းကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ၏။
Hosea 11:4လူကို ဆွဲတတ်သော ကြိုးတည်းဟူသော မေတ္တာ ကြိုးနှင့် ငါဆွဲငင်၏။ ပါးရိုးအနားသို့ ထမ်းဘိုးကို ရွှေ့၍ ဖြည်းညှင်းစွာ ကျွေး၏။
John 3:14မောရှေသည်တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။
John 8:28ထိုကြောင့်ယေရှုက၊ သင်တို့သည် လူသားကိုမြှောက်ထားသောအခါ၊ ငါသည်ဤမည်သောသူဖြစ်သည် ကို၎င်း၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ၊ ငါ့ခမည်းတော်သည် ငါအား နည်းပေးတော် မူသည်အတိုင်း ငါဟောပြောသည်ကို၎င်း သင်တို့သည် သိကြလိမ့်မည်။