ရှင်ယောဟန်ခရစ်ဝင် 13:4
စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။
1835 Judson Burmese Bible
In The King James Version
He riseth from supper, and laid aside his garments; and took a towel, and girded himself.
In Context
5ထိုနောက်မှ ရေကိုအင်တုံ၌လောင်း၍ တပည့်တော်တို့၏ခြေကို ဆေးပြီးမှခါး၌စည်းထားသောပုဝါနှင့် သုတ်တော်မူ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 13
Cross References
Luke 12:37အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်တို့သည် မင်္ဂလာ ရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကို စားပွဲ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင် လာ၍ သူတို့အားလုပ်ကျွေးလိမ့်မည်။
Luke 22:27အဘယ်သူသည် သာ၍ ကြီးမြတ်သနည်း။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ် ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူသည်ကြီးမြတ်သည်မဟုတ်လော။ သို့သော် လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။
Philippians 2:6ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊