ရှင်ယောဟန်ခရစ်ဝင် 13:9
ရှိမုန်ပေတရုကလည်း၊ အကျွန်ုပ်၏ခြေကိုသာ မဆေးပါနှင့်။ လက်ကို၎င်း၊ ဦးခေါင်းကို၎င်း ဆေးတော် မူပါဟု လျှောက်ပြန်၏။
1835 Judson Burmese Bible
In The King James Version
Simon Peter saith unto him, Lord, not my feet only, but also my hands and my head.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 13
Cross References
Psalms 51:2ဒုစရိုက်အညစ်အကြေးကို အကုန်အစင် ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ။
Jeremiah 4:14အို ယေရုရှလင်မြို့၊ သင်သည် ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ၊ သင်၏စိတ်နှလုံးကို ဒုစရိုက်အပြစ်နှင့် ကင်းစင်စေလော့။ သင်၏အဓမ္မအကြံအစည်တို့သည် အဘယ်မျှ ကာလပတ်လုံး သင်၏ အထဲ၌တည်နေရမည် နည်း။
Hebrews 10:22ငါတို့သည် သစ္စာနှင့် ပြည့်စုံသော သဘောရှိ၍၊ ဝိစိကိစ္ဆာနှင့် ကင်းသောယုံကြည်ခြင်း၌ တည်လျက်၊ စိတ်နှလုံးကို သံဝေဂတရားနျင့်လွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်း ရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။