ရှင်ယောဟန်ခရစ်ဝင် 14:21
ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော် မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 14
Cross References
Genesis 26:3ယခုဤပြည်၌ တည်းခို၍နေလော့။ သင့်ဘက် မှာ ငါနေ၍ ကောင်းကြီးပေးမည်။ အကြောင်းမူကား၊ သင်နှင့်သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အဘအာဗြဟံအား ငါကျိန်ဆိုသော စကားရှိသည်အတိုင်းငါပြုမည်။
Deuteronomy 11:13သင်တို့ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်မည် အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စေ့စေ့နားထောင်လျှင်၊
2 Kings 18:6ထာဝရဘုရား၌ဆည်းကပ်၍နောက်တော်သို့အစဉ်အမြဲလိုက်သဖြင့် မောရှေ၌ထာဝရဘုရားထားတော်မူ သောပညတ်တော်တို့ကို စောင့်ရှောက်လေ၏။
Psalms 119:4အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဘို့ရာ၊ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ။
Jeremiah 31:31ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်
Ezekiel 36:25သင်တို့အပေါ်မှာ သန့်ရှင်းသော ရေကို ဖျန်း သဖြင့်၊ သင်တို့ကို ခပ်သိမ်းသော အညစ်အကြေးမှစ၍ ခပ်သိမ်းသော ရုပ်တုတို့နှင့် ကင်းစင်စေမည်။